Professional Authors

ချစ်သူ … မက်မောတဲ့ ငွေမျက်နှာ

ချစ်သူရဲ့ ကြင်နာမှုတွေ
ခပ်ဝေးဝေး မရောက်ခင်ကတည်းက
ကြိုပြီး သိနှင့်နေတဲ့
နှလုံးသား အလယ်ဗဟိုရဲ့
အတွင်းသား အပိုင်းအစတချို့
တိတ်တဆိတ် လောင်ကျွမ်းနေခဲ့တာပါ …

ပေါ့ပျက်ပျက် အချစ်လှိုင်းတွေ
ကြွေလွင့်လာချိန်မှာတော့
လူမသိ သူမသိ … မျက်ဝန်းတိမ်တိုက်တွေ
တစိမ့်စိမ့် မိုးလို ရွာသွန်းနေမိတာ
ရက်စက်စွာ ချန်ထားခဲ့တဲ့
နောက်ဆုံး နေ၀င်ချိန်အထိပေါ့

ဘ၀ရဲ့ ဒီရေ အတက်အကျတွေထဲ
လူတွေ မက်မောကြတဲ့
အရောင်တလက်လက် ငွေမျက်နှာနောက်
မငြင်းဆန်ဘဲ အကြင်နာမဲ့စွာ
စီးဆင်းသွားခဲ့တဲ့ … ချစ်ရသူရယ် …
လျှောက်လှမ်းမယ့် အနာဂတ် ပျော်ရွင်ပါစေကွယ် … ။

Zero Boyz
[email protected]

In: ကဗျာ Posted By: Date: Feb 8, 2012
Comment #1

oh,,sorry to know,,
money is not as important as good health,

commentinfo By: ei lay at Feb 8, 2012
Comment #2

ချစ်သူရဲ့ ကြင်နာမှုတွေ
ခပ်ဝေးဝေး မရောက်ခင်ကတည်းက
ကြိုပြီး သိနှင့်နေတဲ့
နှလုံးသား အလယ်ဗဟိုရဲ့
အတွင်းသား အပိုင်းအစတချို့
တိတ်တဆိတ် လောင်ကျွမ်းနေခဲ့တာပါ …

ပေါ့ပျက်ပျက် အချစ်လှိုင်းတွေ
ကြွေလွင့်လာချိန်မှာတော့
လူမသိ သူမသိ … မျက်ဝန်းတိမ်တိုက်တွေ
တစိမ့်စိမ့် မိုးလို ရွာသွန်းနေမိတာ
ရက်စက်စွာ ချန်ထားခဲ့တဲ့
နောက်ဆုံး နေ၀င်ချိန်အထိပေါ့

ဘ၀ရဲ့ ဒီရေ အတက်အကျတွေထဲ
လူတွေ မက်မောကြတဲ့
အရောင်တလက်လက် ငွေမျက်နှာနောက်
မငြင်းဆန်ဘဲ အကြင်နာမဲ့စွာ
စီးဆင်းသွားခဲ့တဲ့ … ချစ်ရသူရယ် …
လျှောက်လှမ်းမယ့် အနာဂတ် ပျော်ရွင်ပါစေကွယ် …

commentinfo By: kantkawmg at Feb 8, 2012
Comment #3

ဘ၀ရဲ့ ဒီရေ အတက်အကျတွေထဲ
လူတွေ မက်မောကြတဲ့
အရောင်တလက်လက် ငွေမျက်နှာနောက်
မငြင်းဆန်ဘဲ အကြင်နာမဲ့စွာ
စီးဆင်းသွားခဲ့တဲ့ … ချစ်ရသူရယ် …
လျှောက်လှမ်းမယ့် အနာဂတ် ပျော်ရွင်ပါစေကွယ် …

commentinfo By: May Kha at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment