ဇရပ်
ခနလောက်ရပ်ကြည့်တယ်
ငါ့အမိုးက ၀ုန်းဒိုင်းကြဲအသံတွေကြောင့်  ပြန်ထွက်သွားတယ်။
ခနလောက်နားကြည့်တယ်
မလုံခြုတဲ့ ငါ့အကာအရံတွေကြောင့် ညီးတွားကြတယ်။
ခနလောက် နေကြည့်တယ်
ယိုင်နဲ့နဲ့ကြမ်းခင်းတွေကြောင့် ဆဲဆိုကြတယ်။
ငါ့အမိုးတွေပြုပြင် အကာအရံတွေဖာထေး
ကြမ်းခင်းတွေ အကောင်းအတိုင်း ပြန်ဆင်ထားမိတယ်။
ခနလောက်ဝင်တည်းကြတယ်
တိတ်ဆိတ်လွန်းတော့ ခြောက်ခြားစရာတဲ့
ထွက်သွားကြမြဲ။
ဒီနေရာမှာ ငါတစ်ဦးတည်း ငုတ်တုတ်
ဘယ်သူမှမလာ လက်လဲမခံတော့
ငါ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်
သြော်…..လူ့ အလိုနတ်မလိုက်နိုင်ခြင်းပါလား။
Leave Comments
								 Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service