ငါ . . . ရှိနေသ၍ . . . ပါ
နင့်အနား မှာ ငါ ရှိနေရုံ နဲ့
အရာရာဟာ ပြီးပြည့်စုံတယ်ထင် . . . .
မမြင် အမှန်တရား ကတော့ . . . . 
ဒါဟာ နာကျင်ခြင်းပါ . . . . 
ဒါဟာ ၀မ်းနည်းခြင်းပါ . . . . လို့
မျက်လုံးတွေ ငိုတဲ့အခါ
ငါ့ ပါးပြင်နှစ်ဖက်စလုံးဟာ မြစ်ဖြစ်ရတယ် . . . . 
မငိုတော့ပေမဲ့ . . . . 
စိုစွတ်နေသေးတဲ့ အသားအရေပေါ် . . . . 
ဖြစ်တည်ရတဲ့ မြစ်ကျိုးအင်း က
နင့်အကြောင်း တစ်ပိုင်းတစ်စ 
စိတ်မကောင်း ဖြစ်ရတဲ့အခါ 
ရေ လျှောက်ဖို့ လမ်းကြောင်း ပေးသလို 
အရင်ခေါက် က ရေစီးကြောင်းတွေ ပေါင်းဆုံပြီး 
ငါ ကျနေကျ မျုက်ရည်ဖြစ်တယ် . . . . 
အိုကွယ် . . . . 
ရင်နဲ့ရင်းလို့ ချစ်ရပါတယ် 
နှလုံးသားကို တော့ ဘာကြောင့် မမြင်ရသေးပါသလဲ . . . . 
နင့်အတွက် ဖြစ်တည်လာတဲ့ အနှိုင်းမဲ့ ဆိုတာ . . . . 
ငါ့လို မဆိုတတ်တဲ့ စကားလုံးပိုင်ရှင်တွေလားကွယ် . . . . 
တစ်ကမ္ဘာလုံး နဲ့ တစ်ယောက်ဆိုလည်း 
နင့် အနားက မခွဲခွာနိုင်ခြင်းဟာ သစ္စာပါ . . . . 
အတူရှိနေချိန်တွေကို အခြားကိုမပေးနိုင်တာ သစ္စာပါ . . . . 
နင့်အတွက် ပါ
အရာအားလုံးဟာ . . . . 
ငါ မပိုင်ဆိုင်တော့တာ
နင် မမြင်နိုင်ပေမဲ့လည်း . . . . 
သစ္စာ မစူးပါစေ နဲ့ကွယ် . . . . 
ဒဏ်ခံကြိုးလေး ငါ 
ဖြစ်တည် နေသ၍ပါကွယ် . . . . ။  ။
Comment #2
ayan kyit par tal….sar thar tway ko…. rr pay nay tal…
                        By: Yu Mon Htwe at Aug 4, 2011
                    Comment #3
ရင်နဲ့ရင်းလို့ ချစ်ရပါတယ်
နှလုံးသားကို တော့ ဘာကြောင့် မမြင်ရသေးပါသလဲ . . . .
                        By: နွေ at Apr 7, 2014
                    



 
Comment #1
တစ်ကမ္ဘာလုံး နဲ့ တစ်ယောက်ဆိုလည်း
နင့် အနားက မခွဲခွာနိုင်ခြင်းဟာ သစ္စာပါ . . . .
…………………
အားပေးသွားတယ်