Professional Authors

ဟေ့လူ

ဟေ့လူ…..

ခင်ဗျားမသိသေးတဲ့ အကြောင်းအရာတချို့ ကျွန်တော်သိထားတယ်

ကျွန်တော်မသိတဲ့ အကြောင်းအရာတချို့ ကိုလည်း ခင်ဗျားကိုမေးစရာရှိသေးတယ်

ဘာဖြစ်လို့ နူတ်မဆက်ပဲ ထွက်ခွာသွားတာလဲ

အရင်လို ရိုးသားမှုကို မြတ်နိုးတတ်တဲ့လူ

ဆပင်ရှည်ကြီးနဲ့ ဂျင်းဘောင်းဘီကိုသာ ၀တ်ဆင်တတ်သူ

မိန်းမလှလေးတွေတွေ့တိုင်း ငေးငေးကြည့်တတ်သူ

ကျဆိမ့်တစ်ခွက်သောက်ရင်း ဂီတအကြာင်းအာပေါင်အာရင်သန်သန် ငြင်းဆန်တတ်သူ

သီချင်းဆိုတာ…..ဘာညာ ခင်ဗျားပြောမယ်

ဂီတဆိုတာ…… ဘာညာ ခင်ဗျားပြောမယ်

အနုပညာ လက်တိုလက်တောင်းဆိုတဲ့ စကားလုံးကို တွင်တွင်ကြီးသုံးမယ်

ကိုယ့်ကိုကိုယ်မုန်းပြီး အနုပညာကိုချစ်လို့ အနုပညာသမားမလုပ်ချင်ဘူးလို့ ခင်ဗျား ငြင်းဆန်မယ်

စကားပြောသလိုဆိုရတဲ့ သီချင်းတွေကို ထူးထူးကဲကဲ ဝေဖန်တတ်သူ……..

တခါတခါ ဘုရားဆိုတာအကြောင်း မင်းနားမလည်ပါဘူးဆိုပြီး မာန်မဲဆူပူတတ်သူ

သီချင်းမဖွင့်တဲ့ လဘက်ရည်ဆိုင်ကို မုန်းသူ

နည်းပညာတွေက လူတွေကိုပြန်ခိုင်းမှာ စိုးရိမ်တတ်သူ

ကမ္ဘာ က ရွာကြီးဖြစ်သွားပီဆိုတဲ့ သတင်းစာကိုဖတ်ပြီး မျက်ရည်လည်တဲ့အထိ ရယ်မောခဲ့သူ

အရက်မူးလာရင် ” ချစ်ဖူးတယ်……ချစ်ဖူးတယ်……အိုမလွယ်ဘူးရူးနိုင်တယ် “ဆိုတဲ့ သီချင်းကိုသာ အမြဲတမ်းဆိုနေတတ်တဲ့သူ

” သင် မကောင်းလျှင် ကျွနုပ်ဆိုးမည်…

သင် ကောင်းလျှင်လည်း ကျွနုပ်ဆိုးချင်ဆိုးမည်

သင် ကောင်းကောင်း မကောင်းကောင်း ကျွနုပ်ဆိုးချင်ဆိုးမည်”

အဲဒီလိုရေး သင်္ဘောဆေးသုတ်ပီး အိမ်ရှေ့နံရံမှာ ကပ်ခဲ့တဲ့လူ

ဘုရားသခင်နဲ့ ဂီတရှိရင် ငါ့ဘ၀ပြည်စုံပြီဆိုတဲ့လူ

ဟေ့လူ………….

ခင်ဗျားကိုယ်တိုင်ထွန်းညှိခဲ့တဲ့ အနုပညာမီးစာတောက်ကလေး

လင်းလက်တောက်ပခွင့်တွေရှိနေပြီဗျ။

In: ကဗျာ Posted By: Date: Nov 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment