Professional Authors

ခဲတံကျိုးနဲ့ ရေးတဲ့ ကဗျာ

ခဲတံကျိုးနဲ့ ရေးတဲ့ ကဗျာ


စုန်းပြူးတစ်ကောင်ရဲ့ ညပါ

အရာရာဟာ ပိန်းပိတ်အောင် မှောင်တဲ့

အလင်းရောင်ကန်း ချောင်လေးထဲ

အဖြည့်ခံအတွေးတွေ ချွေးစို

သွေးထွက်အောင် ငိုခဲ့ရတယ် ….. ….

 

လက်ဝါးမဖြန့်ရဲတဲ့ ဘဝမို့

ဘယ်သူ ဘယ်ဝါက ဘယ်သို့ဆိုတာတွေလဲ

စိုးစဉ်းမျှ မစွပ်စွဲဝံ့

သူ့ဆန်စားပြီး ကြောက်ရွံ့ခဲ့ဖူးရဲ့

ဘယ်လိုစိတ်နဲ့ မော်ဖူးရဦးမှာလဲကွယ်

 

ယတြာချေပြီးလည်း လွမ်းဖူးပါရဲ့

အဲဒီမျှော်လင့်ချက်ဆိုတဲ့ နတ်ဆိုးလေ

ငါ့ကို သေအောင်ရိုက်ပုတ်

နာလန်မထူအောင်လည်း လုပ်ခဲ့ဖူးတယ်

 

ထားရာနေ စေရာသွား

ဒီကောင်မျက်နှာမွဲ ဘာစကားမှလဲ

ပြောထွက်ဖို့ မရဲ

ရက်ရာဇာတိုင်းနဲ့ လွဲခဲ့ပါရဲ့


ခွေးတစ်ကောင်လို ရိုရိုကျိုးကျိုး

ခင်ဗျားတို့ ပျိုးတဲ့အပင်

နှင်လိုနှင် နှုတ်လိုနှုတ်

ရင်ထဲက သရုပ်ကိုလည်း

လူမမြင်ခင် ဆွဲစုတ်ခဲ့ဖူးတယ်

 

ကြေပါစေတော့ …. ဘဝရယ်

နေပွင့်နေတဲ့ ခေတ်ကြီးမှာတောင်

နေရောင် အထိမခံရတဲ့ ညငှက်တစ်ကောင်ပါ

အသိုက်အမြုံဆိုတာလည်း

ဝင်ကစွပ်လို မမြဲခဲ့ပါဘူး

 

အရိုးရင့်နေလို့ ပစ်ချ

အရိုးနုဘဝတုန်းကလည်း ချွေးသိပ်

အိပ်ပျော်ခဲ့တဲ့ညဆိုတာ

အိပ်ဆေးတွေရဲ့ မာယာသက်သက်

အရွက်မရှိတဲ့ ထီးတချောင်းအတိုင်း

အသုံးဝင်ခြင်းတွေ ရိုင်းစိုင်းဖူးတယ်

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Aug 15, 2012
Comment #1

အွန်းးခဲတံအကျိုးလေးနဲ့ ရေးပေမဲ့ ..ကဗျာလေးကကောင်းလွန်းတယ်..

commentinfo By:ံ့မြူ ခိုး တိမ် at Aug 15, 2012
Comment #2

ထားရာနေ စေရာသွား

ဒီကောင်မျက်နှာမွဲ ဘာစကားမှလဲ

ပြောထွက်ဖို့ မရဲ

ရက်ရာဇာတိုင်းနဲ့ လွဲခဲ့ပါရဲ့
နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Aug 15, 2012
Comment #3

လက်ဝါးမဖြန့်ရဲတဲ့ ဘဝမို့

ဘယ်သူ ဘယ်ဝါက ဘယ်သို့ဆိုတာတွေလဲ

စိုးစဉ်းမျှ မစွပ်စွဲဝံ့

သူ့ဆန်စားပြီး ကြောက်ရွံ့ခဲ့ဖူးရဲ့

ဘယ်လိုစိတ်နဲ့ မော်ဖူးရဦးမှာလဲကွယ်

ယတြာချေပြီးလည်း လွမ်းဖူးပါရဲ့

အဲဒီမျှော်လင့်ချက်ဆိုတဲ့ နတ်ဆိုးလေ

ငါ့ကို သေအောင်ရိုက်ပုတ်

နာလန်မထူအောင်လည်း လုပ်ခဲ့ဖူးတယ်

commentinfo By: zawthetoo at Aug 16, 2012
Comment #4

ခွေးတစ်ကောင်လို ရိုရိုကျိုးကျိုး

ခင်ဗျားတို့ ပျိုးတဲ့အပင်

နှင်လိုနှင် နှုတ်လိုနှုတ်

ရင်ထဲက သရုပ်ကိုလည်း

လူမမြင်ခင် ဆွဲစုတ်ခဲ့ဖူးတယ်

ကြေပါစေတော့ …. ဘဝရယ်

နေပွင့်နေတဲ့ ခေတ်ကြီးမှာတောင်

နေရောင် အထိမခံရတဲ့ ညငှက်တစ်ကောင်ပါ

အသိုက်အမြုံဆိုတာလည်း

ဝင်ကစွပ်လို မမြဲခဲ့ပါဘူး

commentinfo By: raindrops at Aug 16, 2012
Comment #5

ကိုချီရေ….အားပေးသွားပါတယ်ဗျို့…
လေးစားအားကျအတုယူလျက်…ညီငယ်

commentinfo By: cupid25288 at Aug 17, 2012
Comment #6

ခံစားချက်ကို ပုံဖော်ထားတာလှလွန်းပါတယ်
အရေးအသားကို ကျွန်တော် လေးစားပါတယ်

commentinfo By: MinNayMhanKha at Aug 21, 2012
Comment #7

သိပ်ကောင်းတဲ့ကဗျာလေးဗျာ…
စကားလုံးလေးတွေလဲလှတယ် အကို..။
အားပေးလျက်ပါ…ဗျာ..။

commentinfo By: zawthetoo at Aug 29, 2012
Comment #8

ကဗျာလေးက ခဲတံအကျိုးနဲ့ ရေးပေမဲ့ တကယ့်ကို သက်ဝင်လှပပါတယ် အကိုရေ…

မြောက်ပင့်ပြောတာလဲမဟုတ်ပါဘူး…။ ဒီကဗျာမျိုးက ကျွန်တော့အတွက် ဘယ်အပိုဒ်ကောင်းတယ်ဆိုပြီး ထုတ်ပြရမဲ့ ကဗျာလည်းမဟုတ်ပါဘူး.. .. အားလုံးကို ကြိုက်လို့ ကဗျာတစ်ပုဒ်လုံးကို ရွတ်သွားပါတယ်ဗျာ…. နာနာကျင်ကျင်လဲ ဖြစ်သွားပါတယ်..ကဗျာလေးအတွက်ပေါ့

လေးစားလျက်
နိုးဆက် နေ့

commentinfo By: နိုးဆက် နေ့ at Jan 9, 2013
Comment #9

စားစရာ မရှိတော့ ဘူး … စာအုပ်ဖတ်ပြီး ချက် မယ်

စာမျက် နှာ ၆၅ အမဲကင် ကျပ်တိုက်ကြော်

အမဲက သုံးဆယ်သား ….. ငရုတ်နီခြောက်တောင့်ထည့် ….

နူးအောင်ပြုတ်ဆိုပဲ …..

ကြက်သွန်လေးဥကို ပါးပါး လှီးပြီးတော့ ….. ထည့် …………………………….

ဒယ် အိုး ကို ထောပတ်လူး …… အသားတွေ ဓားနဲ့ ခုတ် …

ကြက် ဥ တလုံး ဖောက် စမ်း ….. အဲ့ဒါ ခု မော့လိုက် ….

စားပွဲတင်ဇွန်း ဘာတုန်း … မသိရင် စိတ်ကြိုက် လုပ် …..

ချင်းနဲ့ ကြက်သွန်မိတ် ငရုတ်ဆုံထဲ အကုန်ထည့် … .

အားရပါးရ ထိုင် ….. ထောင်း …………………………….

ဒယ် အိုးပေါ် အငွေ့တွေ ဟ…… ရှိ တာ အကုန်ပစ်ထည့် ….

ယောင်း မလည်း မတွေ့ ဘူး. …. မတွေ့ ဒီ အတိုင်းထား လိုက် ….

တအိုးလုံး တူးပြီဟေ့ ….

မဲရင် အမဲသား ပဲ ……

တခန်းလုံး အငွေ့ တွေ ဖုံး …

ဒယ် အိုး ကို စားပွဲ ပေါ် ချ…..

အားရ ပါး ရ ….ထိုင် ……….. စား ………………….

…………. အရိုး …………………..အမဲ ကင် ကျပ် တိုက် ကြော် ………..

commentinfo By: ငစား at Jan 9, 2013
Comment #10

စုန်းပြူးတစ်ကောင်ရဲ့ ညပါ

အရာရာဟာ ပိန်းပိတ်အောင် မှောင်တဲ့

အလင်းရောင်ကန်း ချောင်လေးထဲ

commentinfo By: sone.pyuu at Jan 9, 2013
Comment #11

ကြေပါစေတော့ …. ဘဝရယ်

နေပွင့်နေတဲ့ ခေတ်ကြီးမှာတောင်

နေရောင် အထိမခံရတဲ့ ညငှက်တစ်ကောင်ပါ

commentinfo By: မေပျို at Jan 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment