သုညကြေးပဲ ကစားကြရအောင် . . . .
သုညကြေး ကစားကြရအောင်ပါကွယ် 
နင့်ကို ဖိတ်ခေါ်ပါတယ် 
ဟိုးရှေးရှေး တုန်းကလို 
ဟိုးရှေးရှေး တုန်းကလိုပေါ့ကွယ် . . . . ။
မတတ်သာဘူးဆိုတာ ငါ သိပါတယ် 
တတ်နိုင်အောင်ကြိုးစားစေချင်တဲ့ကောင်မို့ 
နင့်အပေါ် ငါ ဘယ်လောက် ရည်စူးသည် ဆိုတာ
နင် သိသင့် . .  နင်သိသင့်ပါတယ် . . . . ။
ငါ နင့်ကိုချစ်တယ် ”     ” ရယ် . . . 
လွန်တာထက်ကို ပိုပါတယ် 
ဒီအတိုင်းအတာထက် ကျော်ရင် 
ငါ သေသွားမှာ ကို နင် မကြောက်ဘူးလားကွယ် . . . . ။
ဟုတ်တယ် ချစ်သူ . . . .
ဟုတ်ပါတယ် . . . .
ငါ သေသွားတယ်ဆိုတဲ့ အသိထက် 
နင့်အနား ငါ မရှိဘူးဆိုတဲ့ အသိ က 
ငါ . . ငါ . . ငါ 
ကြည်နူးစွာ မျက်ရည် ကျမိ လိမ့်မယ် . . . . ။
တစ်ကယ်တမ်းကျတော့လေ
စခဲ့မိတာ ငါ မဟုတ်ပေမဲ့
နားမလည်တဲ့ ခေါင်းတစ်လုံးက 
နင့် အနားနေဖို့ ပထမဆုံး ခြေလှမ်းကို ညွှန်ကြားခဲ့တယ်
နင့် လက်ဖ၀ါး အပူချိန် ကို တိုင်းတာစေခဲ့တယ် 
နင့် ဖောင်းကားတဲ့ပါး
…………………………..
ငါ သေလို့ရခဲ့တယ် . . . . ။
ကျေနပ်ပါတယ် နွယ်ပင် ရယ် 
နင်ဟာ ဆွဲငင်ရစ်နှောင်တတ်တယ်
ရုန်းမထွက်နိုင်တဲ့ ငါ့ကို
သုည ကြားမှာပဲ ကြည်နူးစေပါကွယ် 
ငါ မဖတ်တတ်တဲ့ဂဏန်းတွေနဲ့
Allergic ထအောင်မလုပ်ပါနဲ့လားကွယ် 
ငါ . . . . 
ချစ်လှစွာ တောင်းဆိုပါတယ် . . . . ။    ။
Comment #3
ဟုတ်တယ် ချစ်သူ . . . .
ဟုတ်ပါတယ် . . . .
ငါ သေသွားတယ်ဆိုတဲ့ အသိထက်
နင့်အနား ငါ မရှိဘူးဆိုတဲ့ အသိ က
ငါ . . ငါ . . ငါ
ကြည်နူးစွာ မျက်ရည် ကျမိ လိမ့်မယ် . . . . ။
 By: kyalsinlaye at Jun 20, 2012
                        By: kyalsinlaye at Jun 20, 2012
                    Comment #5
mike de,
i like both title & poem.
 By: ei lay at Jun 20, 2012
                        By: ei lay at Jun 20, 2012
                    Comment #6
NICE THINKING,
GREAT WORDS,
BEAUTIFUL END.
 By: X - ray at Jun 21, 2012
                        By: X - ray at Jun 21, 2012
                    Comment #7
yin hte hmar
“dine”  “dine”  “dine”
“done”   “done”  “done”
phyit twar par de
 By: ei lay at Oct 4, 2012
                        By: ei lay at Oct 4, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ဟုတ်တယ် ချစ်သူ . . . .
ဟုတ်ပါတယ် . . . .
ငါ သေသွားတယ်ဆိုတဲ့ အသိထက်
နင့်အနား ငါ မရှိဘူးဆိုတဲ့ အသိ က
ငါ . . ငါ . . ငါ
ကြည်နူးစွာ မျက်ရည် ကျမိ လိမ့်မယ် . . . . ။
ကျေနပ်ပါတယ် နွယ်ပင် ရယ်
နင်ဟာ ဆွဲငင်ရစ်နှောင်တတ်တယ်
ရုန်းမထွက်နိုင်တဲ့ ငါ့ကို
သုည ကြားမှာပဲ ကြည်နူးစေပါကွယ်
ငါ မဖတ်တတ်တဲ့ဂဏန်းတွေနဲ့
Allergic ထအောင်မလုပ်ပါနဲ့လားကွယ်
ငါ . . . .
ချစ်လှစွာ တောင်းဆိုပါတယ် . . . . ။ ။
ကဗျာလေး ကျွန်တော်နှစ်သက်မိပါတယ်..အားပေးနေလျှက်