Professional Authors

ငိုချင်းဖြင့် ချော့သိပ်ခဲ့သော နတ်သမီး

အလူးလူးအလိမ့်လိမ့်
ပြင်းထန်တဲ့ နတ်ဆိုးရဲ့
ရင်ခွဲဂါထာအောက်မှာ
ဖမ်းဆုတ်ထားတဲ့ မျှော်လင့်ချက်
နောက်ဆုံးအပိုင်းကို လက်လွတ်ပေးခဲ့တယ်။
အခုတော့
ငါပိုင်တာ ဗလာ
မက်ခဲ့သော အိမ်မက်တို့လည်း ဗလာ
နှစ်ဆင့်ကျော်လှည့်ခဲ့သော ကစားကွက်ထဲတွင်
“ည”တို့သည်လည်း ငိုချင်းဖြင့်
နံနက်ကို လင်းပွင့်စေခဲ့သည်……………………….။

မိုးတိမ်ကဗျာ

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

like both title & poem

commentinfo By: ei lay at Aug 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment