Professional Authors

ရင်နဲ့ . . .ငိုချင်တယ်

 

 

 

 

ဝင်လေထွက်လေ မှတ်
တရားနဲ့ ယှဉ်လည်း
ထွက်သက်ဝင်သက်တွေ
မှားနေပြီ

စိတ်ရဲ့
အပြင်ဘက်
ခဏတောင်
မထုတ်နိုင်လို့
ခေါင်းတွေလည်း
မူးနောက်နေပြီ

ရင်ခွင်ဟာလည်း
နာနေပြီ
အသက်ရူရတာလဲ
မောနေပြီ

ဖြစ်နိုင်ရင်
အပူပင်ကင်းမဲ့စွာ
အော်ဟစ် ငိုလိုက်ချင်တယ်
ကလေးတစ်ယောက်လိုပေါ့

Comment #1

ကြွတ်ကြွတ်အိတ်ထဲ…ခေါင်းနှစ်ပြီး…အကျယ်ကြီးငို
တစ်ဝကြီးအော်ပစ်လိုက်

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #2

ငိုစေ….. အကျယ်ကြီးငို……..ဟဲဟဲ

commentinfo By: genius.jinx28 at Jan 7, 2011
Comment #3

ငိုလို့ဝသွားရင်ကော အရာရာဟာကောင်းသွားမှာလား……………. ဒါဆိုမျက်ရည်တွေကိုဖြုန်းပလိုက်မယ်…….

commentinfo By: May Kha at Jan 7, 2011
Comment #4

ငိုလိုတော့ မကောင်းသွားပါဘူးဗျာ…….. ဒါပေမယ့် ဖြေဖျောက်ခြင်း တစ်စုံတစ်ရာ မရှိတဲ့ ကျွန်တော့်အတွက် အားလုံးကို ရင်ထဲမှာ သိမ်းဆည်းမထားချင်လို့ ကဗျာထဲမှာ ငိုတာပါဗျာ။ ဒါတော့ မတားပါနဲ့လား။ ယောက်ျားလေး ဖြစ်ရတာ တစ်ချို့ကိစ္စအခွင့်အရေးတွေ ကျဉ်းမြောင်းတယ်ဗျာ…

Comment #5

ငိုပါ………….. ရင်ထဲပေါ့သွားအောင်ပေါ့…………. မတားပါဘူး…………………… ငိုတိုင်းသာအရာအားလုံးအကောင်းတိုင်းပြန်ဖြစ်မယ်ဆိုရင်ငိုပစ်ချင်လို့ပါ…………

commentinfo By: May Kha at Jan 7, 2011
Comment #6

thay aung nyo
lu soe gyi ka – byar tway yae’ pi na lone thar ma shi tae’ thu gyi

commentinfo By: moesatlay at Jan 10, 2011
Comment #7

တော်တော်ခံစားနေရတဲ့ပုံပဲ နော်

commentinfo By: အိမ်မက်နွေ at Jan 17, 2011
Comment #8

me too.
same with my emotion.

commentinfo By: ei lay at Aug 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment