Professional Authors

ကြေကွဲခြင်း

စွန့်လွှတ်လိုက်ပြီ မင်းကိုချစ်လည်း
မေ့ပြစ်လိုက်ပြီ မုန်းလို့မရလည်း
ဒဏ်ရာတွေနဲ့ ညတိုင်းတစ်ယောက်တည်း
ဘာလို့ . . .
ငါ့မျက်ဝန်းက မျက်ရည်ကျရတာလဲ
နင့်ကိုချစ်ခဲ့ပေမဲ့
ဟက်ဟက်ပက်ပက်မရှိတဲ့ နင့်ရင်မှာ
ငါ့အချစ်က တစ်ဖက်သက်
နင့်ကို ရင်ခုန်ခဲ့ပါတယ်
ရင်ခုန်သံတွေ ဆူဝေနေတဲ့
ငါ့ရင်ခုန်မှုက တစ်ဖက်သတ်ပါ
သံသယလှိုင်းတံပိုးတွေနဲ့
နင်ပြောရင်ခေါင်းညိတ်တတ်တဲ့
ငါ့အမူအကျင့်တွေက
မှေးစက်နားခိုခွင့်မရှိတဲ့ ညမှာ
အိပ်ပျက်ခဲ့တော့
ကောင်းကင်တစ်ခုအောက် ခိုလှုံရင်း
တစ်ဖက်သတ်ပျက်နေတဲ့
ဖိနပ်ကလေးတစ်ရံက
ငါ့ရဲ့တစ်ဖက်သတ် အချစ်တွေနဲ့
ရောယှက်လို့ အထီးကျန်နေဆဲ
အဖော်မဲ့နေတဲ့
လ၀န်းကြီးလဲ
မှောင်မိုက်နေတဲ့ ကောင်းကင်က
မှိတ်တုတ်မှိတ်တုတ်လင်းတဲ့
ကြယ်ပွင့်ကလေးတွေကို ထွေးပွေ့လို့
ညဥ့်နက်ညကို ကိုင်လှုပ်ရင်း. . .။

လွမ်းပိုင်ရှင် 

In: ကဗျာ Posted By: Date: May 25, 2012
Comment #1

a yan ko kway kwe khan sar ya par de shin

commentinfo By: ei lay at May 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment