Medical checkout ဆေးစစ်ချက်ရဲ့စာမျက်နှာ
မာနအရည်ခြုံထားတဲ့ ကလေးတစ်ယောက်
အဲဒီမနက်ခင်းတစ်ခုမှာ မောဟများစွာနဲ့
လောကကြီးထဲရောက်လာတယ်။
သူ့ကိုမွေးတဲ့အချိန် မိုးမရွာဘူး
လေမတိုက်ဘူး နေမပူဘူး။
ငြိမ်သက်နေတဲ့ သဘာဝရာသီတစ်ခုမှာ
သူ့ကိုမွေးချိန် ကောင်းကင်ကကြယ်တွေမပွင့်ဘူး
အမှန်တကယ်တော့ မဲ့ပြုံးနဲ့ နှုတ်ဆက်နေတဲ့
ရွက်ဟောင်းတွေသာ ကြွေနေတယ်။
သူရောက်ခဲ့တဲ့လောက အမှတ်တရဖြစ်စရာ
ဖြစ်ခဲ့တဲ့ဒိုင်ယာယီတွေမလှပဘူး။
စာမျက်နှာတွေ အရောင်မလက်ဘူး။
ဘ၀ရဲ့သောကတွေက ရင့်ကျက်စေခဲ့တယ်။
စိတ်ဓာတ်တွေ တည်ငြိမ်စေခဲ့တယ်။
ဒါပေမဲ့ အနားကဖေးမမယ့်သူရှားတယ်။
ကြာလာတော့လောကကြီးက မျက်စိရှုပ်လာတယ်။
Medical checkout ဆေးစစ်ချက်ရဲ့စာမျက်နှာပေါ်မှာ
သက်တမ်းရဲ့အချိန်တစ်ခုကို ညှာတာကင်းမဲ့စွာ
ရက်စက်ခြင်းအပြည့်နဲ့ သတ်မှတ်ခြင်းခံလိုက်ရတယ်။
သူ ခပ်ပြုံးပြုံး ခပ်မဲ့မဲ့သာ နှုတ်ခမ်းတွေကွေးညွတ်ခဲ့တယ်။
ပြင်ဆင်မှုမပြည့်စုံနိုင်သေးတဲ့ အနှစ်သုံးဆယ်ဆိုတဲ့
ကန့်သတ်ချက်ရဲ့စင်္ကြမှာ လမ်းလျှောက်နေတယ်။
သူ့ဘ၀သူတာဝန်မကျေမှာ စိုးရိမ်နေတယ်။
နောက်ဆုံးမယုံနိုင်တဲ့သူတွေနဲ့
သူကိုယ်တိုင်တောင်မယုံနိုင်ခြင်ပေမဲ့
အမှန်တကယ်တော့ ရောက်ရှိလာမဲ့နေ့ရက်ကို
ပျော်ရွှင်စွာနဲ့ စောင့်နေမိတယ်။
ဒါပေမဲ့ သူစိုးရိမ်မိတယ် အားလုံးက
သူ့နဲ့ပတ်သက်တဲ့ မှုန်ဝါးဝါး ဖြစ်ရပ်လေးတွေကို
ဖြောက်ဖျက်စွာမေ့ပေးနိုင်ဖို့ သူတို့အားလုံးကို
ပြုံးပြုံးလေးနဲ့ တောင်းဆိုလိမ့်မယ်…။
လွမ်းပိုင်ရှင်