Professional Authors

ငါ=ခက်တာပဲ

ခက်တာပဲ
ဟြမချွေခင် မီးသေရတဲ့ငါ့ဘဝဟာ
မှင်နက်ရောင် ဘောပင်တစ်ချောင်းလောက်တောင်မှ
အသုံးကျရဲ့လား??????

အစီခံတိုတွေလို
ငါ့ကိုမှ မလိုကြတော့လည်း
ငြိမ်ငြိမ်လေးပဲ ချေသတ်ခံလိုက်ပါ့မယ်……..

ငါ့အိပ်မက် အပိုင်းအစတွေက
ဘယ်သူ့ ရင်ခွင်ရေညှိတွေပေါ်နင်းမိလို့
ချော်လွဲခဲ့ရတာလဲ????????

လောကဟာလည်း
ငါ့အတွက်
ဇောက်ထိုးဆန်နေရဲ့

ခက်တာပဲ
ငါ့အတွက်
အလွမ်းတွေချည်းပါပဲလား…..

မီးခိုးမှုန်တွေလား
မီးခိုးမှုန်တွေလား
မီးခိုးမှုန်တွေလိုလား
ဒါမှမဟုတ်အချစ်တွေလား
ဒါမှမဟုတ် တစ်ခုမှမဖြစ်နိုင်ခဲ့တာလား?????

ငါ့ရင်ငါပိုက်ပြီး
ငါကျောက်တစ်တုံးလို
လှဲလှောင်းနေပါ့မယ်
ကံကြမ္မာရယ်………….

ခက်တာပဲ
ငါ့ကို ဂျူးလိယက်ဆီဇာအကြောင်းမဟြေပါနဲ့
ငါ့ကို ကလီယိုပက်ထရာအကြောင်းမဟြေပါနဲ့
အယုတ်စွဆုံး ငါ့ကို
ငါ့အကြောင်းတောင်မှ မဟြေကြပါနဲ့လား…….

ခွန်းတုံ့ပြန်ရမယ့် ငါ့နှုတ်ခမ်းတွေ
ခါးသက်နေလို့လေ……….

ငါဟာ
ငါမဲ့နေတဲ့ သူတစ်ယောက်ဖြစ်ချင်တယ်…..

ခက်တာပဲ
ငါကိုက
စိတ်ကူးအယဉ်မတတ်ခဲ့တာ…………..

အခုတော့
ကိုယ့်စိတ်ကူးကိုယ်ဖျက်
ကိုယ့်တိမ်လိပ်ကိုယ်ယက်ပြီး
ကိုယ့်ခရီးကိုယ်မျောခဲ့ရပြီ……..

ဘယ်သူမှမစီးတဲ့လှေပေါ်မှာ
ကိုယ့်လှော်တက် ကိုယ်ခတ်ရင်းပေါ့……..

ခက်တာပဲ
ငါကိုက
ကိုယ့်မြတ်နိုးမှု
ကိုယ်ထုတ်မကျူးခဲ့တော့

အခု
ဆုံးရှုံးမှုက ဟာလာဟင်းလင်း……
ဗလာကျင်းရင်း
ငါ့ချစ်ခြင်းတွေ
မြေမှုန်တွေနဲ့လူးနေပြီ………..

အို
ငါ့မြတ်နိုးသူ……..

In: ကဗျာ Posted By: Date: Aug 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment