Professional Authors

ခင်ဗျားအတွက် ( အလွမ်း ခေါ်သံ )

အသည်းကို ထုတ်
အမုန်းနဲ့ အုပ်ပြီး
ပွဲလုပ်လို့ မကစားချင်ပါနဲ့လား
ကျွန်တော့် အသည်းစား လူကောင်လေးရယ်.။

ကျွန်တော်က
ခင်ဗျား အပြုံးဆိုယုံနဲ့ အရှုံး ပွေ့ ပိုက်လို့ တစိုက်မက်မက် လိုက်ပေးဆပ်မဲ့ကောင်
ဘာ့ကြောင့်
ဒူးလည်းထောက် ခေါင်းလည်းညျွတ် ထားသူကို မျက်ရည်မိုးတွေ သွန်းနေစေမှာလည်း???

ကျွန်တော်….မငိုတော့ဘူး….ခင်ဗျားလည်း..အဝေး..မသွားနဲ့တော့
ခေါ်သံကြားရာအရပ်မှ လှမ်းပြန်လာ လို့ လက်ကမ်းလှည့်ပါ

ကျွန်တော်ရေးခဲ့ဖူးတဲ့ကဗျာ အဟောင်းထဲကလို
ဒီတခါ ကျုပ်မှားတယ်
နောက်တခါလည်း ကျုပ်အမှားပဲဖြစ်လိမ့်မယ်
ကျွန်တော်ဆိုတာ ခင်ဗျားအတွက်သက်သက် ပြက္ခဒိန်ထက်လှမ်းတက်လာတဲ့သူမို့
…………………………………..
ကျွန်တော့်အမှားတွေကို သေးသထက်သေးအောင် ဖန်ဆင်း
ခင်ဗျားအနား ၀ဲတဲ့ လိပ်ပြာများ ဘေးချန်ပြီး
ကျွန်တော့်လက် ကို ကမ်း လှမ်းယူလို့ တွဲကူလှည့်ပါ။
(ထပ်ပြောမယ်)
ကျွန်တော်
.နောက်တခါ..
…………………..နောက်ဆုံး…
…………………………………နောက်ထပ်….
မငိုချင်တော့ဘူးဗျာ။

ခင်ဗျား..
အဝေးအဝေးးးးးကြီးရောက်နေခဲ့တောင်
ဒီကမ္ဘာ..ဒီရွာက..ဒီလူကောင်မလေးထံ…….
ပြန်လာပေးပါ..………………….
.ထပ်..အဝေး…မှာ…မနေပါနဲ့..ကျွန်တော့် မိုးကောင်ကင်ကြီးရယ်
ခင်ဗျားကို ကျွန်တော် (ဘာနဲ့မှနှိုင်းပြမရအောင်) လွမ်းတယ်။

In: ကဗျာ Posted By: Date: Apr 17, 2012
Comment #1

ခင်ဗျား..
အဝေးအဝေးးးးးကြီးရောက်နေခဲ့တောင်
ဒီကမ္ဘာ..ဒီရွာက..ဒီလူကောင်မလေးထံ…….
ပြန်လာပေးပါ..………………….
.ထပ်..အဝေး…မှာ…မနေပါနဲ့..ကျွန်တော့် မိုးကောင်ကင်ကြီးရယ်
ခင်ဗျားကို ကျွန်တော် (ဘာနဲ့မှနှိုင်းပြမရအောင်) လွမ်းတယ်။

အသဲကွဲမိုးရဲ့ …… ရေးဟန်အတိုင်း နောက်ဆုံးအပိုဒ်မှာ စကားလုံးခွန်အားအပြည့်နဲ့ ရင်ထဲရှိတဲ့ ခံစားမှုကို မြင်အောင် ရေးချယ်ပြသွားတယ်ဗျာ။ ရေးဟန်က ဘယ်လိုပဲဖြစ်နေပါစေ အရသာနဲ့ စကားလုံးအားကတော့ တပုဒ်ထက် တပုဒ် ဘယ်ဟာက ပိုကောင်းတယ်လို့ ပြောမရအောင်ကို အပုဒ်တိုင်းရဲ့ နောက်ဆုံးအပိုဒ်တိုင်းဟာ သိပ်ကောင်းနေတယ်။ အားကျတယ်ဗျ။ သိပ်မကြာခင် ကျွန်တော်လည်း အဲလို ရေးနိုင်လာလိမ့်မယ်လို့ မျှော်လင့်လျက် ……..
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Apr 17, 2012
Comment #2

(ထပ်ပြောမယ်)
ကျွန်တော်
.နောက်တခါ..
…………………..နောက်ဆုံး…
…………………………………နောက်ထပ်….
မငိုချင်တော့ဘူးဗျာ။

ခင်ဗျား..
အဝေးအဝေးးးးးကြီးရောက်နေခဲ့တောင်
ဒီကမ္ဘာ..ဒီရွာက..ဒီလူကောင်မလေးထံ…….
ပြန်လာပေးပါ..………………….
.ထပ်..အဝေး…မှာ…မနေပါနဲ့..ကျွန်တော့် မိုးကောင်ကင်ကြီးရယ်
ခင်ဗျားကို ကျွန်တော် (ဘာနဲ့မှနှိုင်းပြမရအောင်) လွမ်းတယ်။

commentinfo By: gadounlay at Apr 18, 2012
Comment #3

ဝါးးးးးးးးးး … မ မိုးရေ … တစ်ပုဒ်လုံး … ကြိုက်တယ် …. အသည်းအသန် ကြိုက်တယ် ….

commentinfo By: Nge at Apr 20, 2012
Comment #4

ပြန်လာပေးပါ..………………….
.ထပ်..အဝေး…မှာ…မနေပါနဲ့..ကျွန်တော့် မိုးကောင်ကင်ကြီးရယ်
ခင်ဗျားကို ကျွန်တော် (ဘာနဲ့မှနှိုင်းပြမရအောင်) လွမ်းတယ်။
မမိုး…ထပ်တူခံစားသွားပါတယ်

commentinfo By: poem.poem28 at Apr 30, 2012
Comment #5

သဲကွဲမိုး အရေးအဖွဲ့တွေကတော့ ကောင်းနေတာပါပဲ

commentinfo By: ကံ့ကော်မောင် at May 18, 2012
Comment #6

ကဗျာအစ အဆုံး တစ်ပုဒ်လုံးကိုအားပေးသွားပါတယ်ဗျာ……

commentinfo By: moehtetaung18 at Jun 7, 2012
Comment #7

ma moe ka bar loh e lout daw ya dar le?
ma moe yae de poem a poat tine a kone lone ei lay kyike de.
ma moe yae tine poem r lone heart hti de,

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment