ဂျစ်ပစီတယောက်ရဲ့ အကြောင်း (မင်းကိုချစ်တဲ့သူ)
ရွာချနေတဲ့ မိုးစက်မျက်ရည်တွေ
ဂျပစီတစ်ယောက်အတွက်
သာယာခြင်း သံစဉ်တွေဟာ
ခါးသီးခြင်းအပြင် ပြောင်းခဲ့ပါပြီ…
ပင်လယ်ပြင်ရဲ့ လှိုင်းခတ်သံတွေအတွက်
ရင်ခုန်သံတွေ စီးချက်မလိုက်နိုင်
နီးစပ်မယ့်အကြောင်းတွေးလိုက်တိုင်း
ကမ်းပျောက်လို့ အဝေးရောက်ခဲ့ရတယ်…
ကာရံမညီတဲ့ ချစ်ခြင်းဖွဲ့ အလွမ်းတွေနဲ့
လွမ်းနေရတာ တစ်ယောက်ထဲပါပဲ
ရင်ထဲက မိုးတွေကလည်း
July မိုးလို မစဲပါလားကွယ်…
မလွမ်းရဲတော့ဘူး မချစ်ရဲတော့ဘူး
တမ်းတလို့ရူးခဲ့တဲ့ နေ့တွေကလည်း
ကောင်မလေးရဲ့ အပြုံးနဲ့တွေ့မှ
အရည်ပျော်သွားခဲ့ပါပြီ…
ကျနော့်ကို ချစ်ပါ လွမ်းပါ
အမှတ်တမဲ့ သတိရပါလို့
ပြောခွင့်မရှိတဲ့ ဂျပစီတစ်ယောက်အတွက်
ချစ်လာမဲ့ရက်ကိုပဲ စောင့်မျှော်ရတာပေါ့…
သုညအဖြစ်နဲ့ ဂျပစီရဲ့ဘ၀မှာ
ပိုင်ဆိုင်းခြင်းဆိုတာ မရှိခဲ့ပါဘူး
အမည်မသိ လိပ်စာမရှိခြင်းကြောင့်
တခန်းရပ် ပြဇာတ်အဖြစ် သတ်မှတ်ပေးပါ
ကျေးဇူးပြု၍ မရယ်ကြပါနဲ့…
Comment #2
ကျနော့်ရဲ့ အမာခံ စာဖတ်ပရိတ်သတ်ကြီး အိလေးကို ကျေးဇူးပါဗျာ….
🙂
By: မင်းကိုချစ်တဲ့သူ at Mar 26, 2012
Comment #3
ကျနော့်ကို ချစ်ပါ လွမ်းပါ
အမှတ်တမဲ့ သတိရပါ
သုညအဖြစ်နဲ့ ဂျပစီရဲ့ဘ၀မှာ
ပိုင်ဆိုင်းခြင်းဆိုတာ မရှိခဲ့ပါဘူး
အမည်မသိ လိပ်စာမရှိခြင်းကြောင့်
တခန်းရပ် ပြဇာတ်အဖြစ် သတ်မှတ်ပေးပါ
ကျေးဇူးပြု၍ မရယ်ကြပါနဲ့…
By: poohmay at Mar 26, 2012




Comment #1
rrrrrrrrrr
d lout khan sar p yae phwe htar tar ko be thu ka yee naing par ma le loh.
a yan phat loh kaung de,