Professional Authors

ကမ်းမမြင်လမ်းမမြင် ဘာမှမမြင်တော့ဘူး

စိတ်ချင်းထိခတ်လို့ ထပွင့်တဲ့မီးတောက်ဟာ
ဘ၀တစ်ခုလုံး အလျှံညီးညီး စွဲလောင်ခဲ့ပြီလား
လျော့တိလျော့ရဲစီးဆင်းနေတဲ့လမ်းမပေါ်မှာ ငါ့စိတ်မရှိဘူး
ခွေးခြေပေါ် ခြေပစ်လက်ပစ် ပစ်တင်ထားတဲ့ခန္ဓာကိုယ်မှာ ငါ့စိတ်မရှိဘူး
ပြတင်းပေါက်အပြင်ဘက် ငေါထွက်နေတဲ့မျက်လုံးတွေမှာ ငါ့စိတ်မရှိဘူး
ကျောပြင်ပေါ်ဖြန့်ချထားမယ့်မင်းဆံနွယ်တွေ တလွင်လွင်လှုပ်ခတ်သံ
ငါ ကြားယောင်နေတယ်
မင်းကိုဝိုင်းဟောင်နေမယ့်အလေအလွင့်နေ့ရက်တွေကို
ငါ ခပ်ရိုင်းရိုင်း ခုန်အုပ်ကိုက်ခဲပစ်ချင်တယ်
အားပေးဖော်ရယ် . . .
သတိရတိုင်း လောင်ကျွမ်းနေချင်လို့ မင်းမျက်ဝန်းရိပ်မှာ
တိတ်တိတ်ကလေး ကြွေကျခဲ့တာပါ
အဲဒီငါ့ရဲ့အချစ်စိတ်ဟာ `ရေပွက်ပမာ´လို့ မင်းပြောခဲ့တယ်
ရုပ်မမြင်ရအသံမကြားရတော့လည်း ဘ၀တစ်ပါးကငါ့အော်ခေါ်သံကို
မင်း ယုယပိုက်ထွေးချင်မှာမဟုတ်ပေဘူး
ငါတည်ဆောက်ခဲ့တဲ့မြိုသိပ်မှုတွေလည်း ဆောက်တည်ရာမဲ့ပြိုလဲလို့
ငိုမိမှာစိုးလို့ အံကြိတ်ရယ်မောပစ်လိုက်မိတာပါ
အရမ်းတမ်းတမိတဲ့အခါ ဘာဆေးသောက်ရမလဲ

                                                                       ကိုသျှား

In: ကဗျာ Posted By: Date: Mar 20, 2012
Comment #1

ကိုသျှား…ဘာပြောရမှန်းတောင်မသိဘူး..
goodတယ်…..အကို

commentinfo By: poem.poem28 at Mar 20, 2012
Comment #2

wow,,,,,,,,,
i like both title & poem.
beside choice of words & style.

commentinfo By: ei lay at Mar 20, 2012
Comment #3

မင်းကိုဝိုင်းဟောင်နေမယ့်အလေအလွင့်နေ့ရက်တွေကို
ငါ ခပ်ရိုင်းရိုင်း ခုန်အုပ်ကိုက်ခဲပစ်ချင်တယ်
အားပေးဖော်ရယ် . . .
သတိရတိုင်း လောင်ကျွမ်းနေချင်လို့ မင်းမျက်ဝန်းရိပ်မှာ
တိတ်တိတ်ကလေး ကြွေကျခဲ့တာပါ
အဲဒီငါ့ရဲ့အချစ်စိတ်ဟာ `ရေပွက်ပမာ´လို့ မင်းပြောခဲ့တယ်
ရုပ်မမြင်ရအသံမကြားရတော့လည်း ဘ၀တစ်ပါးကငါ့အော်ခေါ်သံကို
မင်း ယုယပိုက်ထွေးချင်မှာမဟုတ်ပေဘူး
ငါလည်းသိဝူးဟာ…….နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 20, 2012
Comment #4

မင်းကိုဝိုင်းဟောင်နေမယ့်အလေအလွင့်နေ့ရက်တွေကို
ငါ ခပ်ရိုင်းရိုင်း ခုန်အုပ်ကိုက်ခဲပစ်ချင်တယ်
အားပေးဖော်ရယ် . . .
သတိရတိုင်း လောင်ကျွမ်းနေချင်လို့ မင်းမျက်ဝန်းရိပ်မှာ
တိတ်တိတ်ကလေး ကြွေကျခဲ့တာပါ

ညီလေး ကဗျာ တယ်မိုက်ပါလားကွ။ စကားလုံး သုံးသွားပုံတွေ သိပ်လှတယ်။ အဲ အကို သဘောကျတဲ့ စကားလုံးလေး ရှိတယ်ကွ။ အလေအလွင့်နေ့ရက်ဆိုတာလေးကို သဘောကျတယ်။ စကားလုံးသုံးတာ လန်းတယ်။ နှစ်သက်တယ်။ အားပေးသွားတယ်ကွာ။
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Mar 21, 2012
Comment #5

အရမ်းတမ်းတမိတဲ့အခါ ဘာဆေးသောက်ရမလဲ

…သိရင် ကျွန်တော်တို့ကိုလဲ မျှပါအုံး

commentinfo By: kantkawmg at Mar 22, 2012
Comment #6

သောက်နေကျဆေးပဲဆက်သောက်လေကိုသျှား………:P

commentinfo By: May Kha at Apr 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment