ကောက်ကြောင်းမဲ့ ကဗျာ
စာမျက်နှာတစ် ဘဝသစ်တစ်ခုကို
မျဉ်းကြောင်းမဲ့ စာရွက်ပေါ်မှာ ရေးသားရင်း
ကာရံမညီသော လမိုက်ညကို ငေးကြည့်မိတယ်
အဲဒီညက နှလုံးသားအတု ရင်ဘတ်အတုနဲ့
တွေးမိရာရေးသား စီကုံးဖျော်ဖြေရင်း
နိုက်ကလပ်က ခေတ်ဗျောသံတွေတောင်
ငါ့ရင်ခုန်နှုန်းကို လိုက်မမှီခဲ့..
အခုတော့ ငါရေးသားတဲ့ ကဗျာတစ်ကြောင်းက
ငါ့ကို လှောင်ရီ ဟားတိုက် ရယ်မောရင်း
ငါ့အတ္တကို ဖြိုခွင်းအနိုင်တိုက်ထုတ်ချိန်
အဖြူရောင် ရောစပ်သော ကဗျာအစပ်အဟက်ကို
လက်ဆုပ်လက်ကိုင် ဖော်ပြလိုက်တာ
ကျည်ဆန်တွေ ပြေးထွက်လို့
စစ်ကြီးပြီးဆုံးခဲ့တဲ့ အာဖရိကတိုက်နဲ့
နိုဘယ်ဆုရှင် နယ်ဆင်မင်ဒယ်လားဒ်တောင်
နှစ်သစ်ကူး ပျော်ရွင်ပွဲလေး ကျင်းပခဲ့တယ်..
သို့သော် ဒက်စ်မင်တူးတူး မွေးနေ့ နောက်နေ့သစ်မှာ
အာဏာရှင် ကမ္ဘာ့ကြေးစားကြီး ကဒါဖီသေးဆုံးခဲ့ပြီးလေ..
နှစ်တွေကုန်ဆုံးခဲ့ပြီလေ မနေ့ကအတိတ်တွေကို
ကောင်းကင်က ဓူဝံကြယ်နဲ့ ခုနှစ်စဉ်ကြယ်ကိုမေးကြည့်
လမင်းလည်းအသိပဲ ကမ္ဘာကြီး အတ္တဆန်သူတွေ
ကုန်ဆုံးပျောက်ဆုံးတော့မည် နှစ်ဆဲ့တစ်ရာစုမှာ
အောင်မြင်မှု ကမ္ဘာရွာကြီး ဖြစ်လာမည့်နေ့ရက်ကို
မနက်က ငါတို့စောင့်မျှော်မိခဲ့တယ်…
သို့သော်…
နှစ်ဆဲ့တစ်ရာစု ကောက်ကြောင်းမဲ့ ကဗျာတွေကို
ရေးသားဖို့ ကြိုးစားရင်း ဦးတည်ရာမဲ့ ကာရံမဲ့လို့
ရင်ဘတ်အတု နှလုံးသားတုနဲ့ ဦးနှောက်ကိုအသုံးချ
စက်ပစ္စည်း လက်နက်ကောင်းတစ်ခုလို့ ကဗျာစပ်ခဲ့တာ
ခံစားချက်လည်းဆုံး ကဗျားလည်း ဆုံးခဲ့ပြီ..
နောက်ဆုံးတော့ ငါပျံသန်းခဲ့ပြီ ငါ့ကောင်းကင်ဆီ…
တက္ကသိုလ်မြတ်မင်း
Comment #3
နှစ်တွေကုန်ဆုံးခဲ့ပြီလေ မနေ့ကအတိတ်တွေကို
ကောင်းကင်က ဓူဝံကြယ်နဲ့ ခုနှစ်စဉ်ကြယ်ကိုမေးကြည့်
လမင်းလည်းအသိပဲ ကမ္ဘာကြီး အတ္တဆန်သူတွေ
 By: Daw Shwe Ah at Oct 30, 2011
                        By: Daw Shwe Ah at Oct 30, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
အားပေးသွားတယ်ကိုမြတ်မင်းရေ