*မွေးနေ့ဆုတောင်း*
ယနေ့တွင်ကျရောက်သော သူမ၏မွေးနေ့တွင်
မိုင်ထောင်ချီကွာဝေးသောအရပ်မှ
ချစ်သူတစ်ယောက်အနေနှင့်……….
သူမ၏မွေးနေ့ကိတ်ပေါ်မှ ဖယောင်းတိုင်လှလှလေးများကို
အလင်းရောင်များ ထွန်းညှိပေးခွင့်မရခဲ့ပါ
သို့သော်…..
သူမ၏မျှော်လင့်ချက်များ လင်းလက်နေစေရန်
တာဝန်ယူပါသည်။
သူမ၏နေ့နံသင့်သော စေတီပုထိုးများမှာ
ရေချမ်းသက်စေ့၊ပန်းသက်စေ့၊ဆီမီးသက်စေ့
စသည်..စသည် တို့
သူမနှင့်အတူတွဲ လှူဒါန်းခွင့်မရခဲ့ပါ
သို့သော်…..
သူမတစ်ယောက် အေးချမ်းစေရန်၊မွှေးမြစေရန်
ရှင်တော်မြတ်ဘုရားထံမှာ ၀တ်ပြုပြီးနောက်
တောင်းဆုပြုခဲ့ပါသည်။
လှောင်ချိုင့်တွင်းပိတ်လှောင်ခံဘ၀မှ ငှက်ငယ်လေးများ
ပျံလိုရာပျံသန်းနိုင်အောင် လွှတ်ပေးလိုသော
သူမအတွက် ငှက်ငယ်လေးများ ၀ယ်ယူပေးနိုင်စွမ်းမရှိခဲ့ပါ
သို့သော်….
ကျွန်တော့်ဘ၀ထဲတွင် သူမလွတ်လပ်စွာပျံသန်းနိုင်ပါစေ။
သူမ၏မွေးနေ့တွင် တန်ဖိုးရှိရုပ်ဝတ္ထုပစ္စည်းများ
လက်ဆောင်ပေးနိုင်ခြင်းမရှိခဲ့ပါ
သို့သော်…..
အကြင်နာဖဲကြိုးလှလှလေးဖြင့် ချည်နှောင်ထားပြီး
အဖြူရောင်အချစ်များပါသော
ကျွန်တော်၏နှလုံးသားသေတ္တာငယ်ကို
သူမအား ပေးအပ်ခဲ့ပါသည်။
သွယ်လျသော သူမ၏လက်တို့ကို
နွေးထွေးစွာဆုပ်ကိုင်ထားနိုင်ခဲ့ခြင်းမရှိပါ
သို့သော်…..
နွေးထွေးသောအကြင်နာ ချစ်စကားများကို
ထာဝစဉ်ပြောပါမည်။
ဝေးဝေးကလွမ်းနေရသော ချစ်သူ သူမကို
ဒီကဗျာလေးကတဆင့် ပြောပြလိုသည်မှာ
ယနေ့မွေးနေ့မှသည် နောက်…….
နေ့စဉ်………..
လစဉ်…………
နှစ်စဉ်………..
“ပျော်ရွှင်ခြင်း ဥယျာဉ်တွင်
အဖြူရောင်အပြုံးတို့ ပွင့်လန်းပါစေ” ဆိုတာ
မောင့် ရဲ့မွေးနေဆုတောင်းပါ။
သလင်း(၂၇.၁၀.၂၀၁၂)စနေနေ့
Comment #2
🙂
🙂
🙂
By: ei lay at Oct 27, 2012
Comment #3
မွေးနေ့ဆုတောင်းကဗျာလေးက ကျွန်တော့်အဖြစ်ပျက်နဲ့တစ်ထပ်တည်းမလို့ အရမ်းကြိုက်ပြီးကူးယူလိုက်တယ်ဗျို့….:))
By: minmin at Jul 22, 2013
Comment #4
အရမ်းကြိုက်တယ် …
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ … ။ 🙂
By: loafer at Jul 22, 2013
Comment #5
ကျေးဇူးပဲဗျ
By: သလင်း at Jul 22, 2013




Comment #1
ကံအကောင်းဆုံးမိန်းခလေးရဲ့ မွေးနေ့ပါလား မိုက်တယ် မိုက်တယ် *_<