ကြိုးမဲ့စွန်ကလေး အချစ်မဲ့စွန်ကလေး
နံပါတ်မဲ့တဲ့ စာရွက်ပေါ်မှာ
နှလုံးသား စာတန်းတင်ရင်း
ကြိုးမဲ့စွန်တကောင် ကင်ကောင်းပေါ်မှာ
ကြိုးပြတ်ရစ်ဝဲ လေနဲ့ စစ်တိုက်
အရှုံးဆိုက်ကပ် ထိုးကြခဲ့တဲ့အဖြစ်…။
နံပါတ်မဲ့တဲ့ ကပ်ပြားပေါ်မှာ
နှလုံးသား ပန်ချီတွေကုတ်ခြစ်ချယ်သရင်း
ဖြတ်လျှောက်သွားတဲ့ အရိပ်တစ်ခုကို
ငေးကြည့်လိုက်တော့ ကေသာထက်မှာ
ပန်းတွေချယ်သလို့ ပြုံးယောင်သန်းနေတဲ့
ချစ်သူပုံရိပ်ကို ပန်းချီကားထက်မှာတွေ့လိုက်ရတယ်..။
နံပါတ်မဲ့တဲ့ မိုးကောင်းကင်ကြီးထဲ
ရစ်ဝဲပျံသန်းနေတဲ့ စွန်တစ်ကောင်ရဲ့
ကကြိုးတွေကို တွေ့မိလိုက်တဲ့အခိုက်
လက်ကိုင်ကြိုးတွေ အတိက်မေ့လို့
လွတ်ထွက်သွားတယ် အခုထိပေါ့..။
နံပါတ်မဲ့ခြင်း ပြေးလမ်းပေါ်မှာ
တာဝေးပြိုင်ပွဲတစ်ခု ဝင်နွဲ့ရင်း
ငါရရှိလိုက်တဲ့ ဆုတွေက 
မင်းနဲ့ငါ လမ်းခွဲခြင်း အဓိပ္ပာယ်တွေပဲ..
အခုတော့ စွန်တစ်ကောင်လို ရစ်ဝဲရင်း
လေဟုန်ကို ငှက်တစ်ကောင်လို ပျံသန်းခိုက်
ဦးတည်ရာမဲ့ ခြေရာမဲ့ ကြိုးကလေး
ပြတ်တောက်သွားလို့ လေနှင်ရာကိုရောက်ခဲ့ရတဲ့
ကြိုးမဲ့စွန်ကလေး အချစ်မဲ့ စွန်ကလေး ငါ… ဖြစ်ခဲ့ရပြီလေ……….။
တက္ကသိုလ်မြတ်မင်း
Comment #3
နံပါတ်မဲ့တဲ့ ကပ်ပြားပေါ်မှာ
နှလုံးသား ပန်ချီတွေကုတ်ခြစ်ချယ်သရင်း
ဖြတ်လျှောက်သွားတဲ့ အရိပ်တစ်ခုကို
ငေးကြည့်လိုက်တော့ ကေသာထက်မှာ
ပန်းတွေချယ်သလို့ ပြုံးယောင်သန်းနေတဲ့
ချစ်သူပုံရိပ်ကို ပန်းချီကားထက်မှာတွေ့လိုက်ရတယ်..။
 By: Daw Shwe Ah at Oct 25, 2011
                        By: Daw Shwe Ah at Oct 25, 2011
                    Comment #5
main ka lay tway ko myar a htin tay loh,,,
hint,,,,
a kone chat tat de,
ma loak chin loh ma loak kya tar.
ko kway chin de thu hma chat kway dar.
ti loh lar
 By: ei lay at Oct 25, 2011
                        By: ei lay at Oct 25, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
လေနှင်ရာကိုရောက်ခဲ့ပြီး
အချစ်တွေမဲ့သွားပြီလား….
ခံစားခဲ့ပါတယ်