အမုန်းဒိုင်ယာရီ
အမုန်းဒိုင်ယာရီ
သံယောဇဉ်တွေဖြတ်
ရင်ခွင်တံခါးကိုပိတ်
သော့ခတ်ခဲ့တာ
ငါမှန်ပါရဲ့လား
မိန်းကလေးရေ။
တွယ်တာနှောင်ရစ်
ရင်တွင်းဖြစ်မို့
ချစ်ခြင်းကိုပြ
ကြင်နာခွင့် တောင်းဆိုခဲ့တာ
ငါမှန်ပါရဲ့လား
မိန်းကလေးရေ။
မြတ်နိုးခြင်း
တွယ်တာခြင်းတို့ဟာ
သံယောဇဉ်ရဲ့
မလှမ်းမကမ်းမှာ
အရန်သင့်ရှိနေလေရဲ့
လိုအပ်ရင်သူတို့က
အပြေလေး လှမ်းလာချေရဲ့…..။
အချစ်နဲ့သူ့အပေါင်းအပါတို့ဟာ
ဒင်းကို မှကြောက်နေရတာလဲ
ဒင်းက ဘာမလို့လဲ
ငါက ကော
ဘာလို့ကြောက်နေရတာလဲ
ဒင်းက……….
ဒင်းက………. အမုန်းတဲ့…….။
Comment #3
တွယ်တာနှောင်ရစ်
ရင်တွင်းဖြစ်မို့
ချစ်ခြင်းကိုပြ
ကြင်နာခွင့် တောင်းဆိုခဲ့တာ
ငါမှန်ပါရဲ့လား

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒင်း….က အမုန်း တဲ့  …ဒင်းလို့ သုံးလိုက်တာလေး ကို သဘောကျတယ်ဗျာ