Professional Authors

လောကကြီးကို အားနာမိပါရဲ့

မောင့်ကျက်သရေ ခေါင်းဆောင်းပြီး
မှန်ပါ့ဘုရား မှန်ပါ့ဘုရားနဲ့
မုသာဝါဒတွေ ကျူးလွန်နေကြတာ
သေတွင်းတော်တော် နက်လောက်ရောပေါ့။
ကမ်းကြည့်ငှက်တကောင်လောက်မှ
မရေရာတဲ့ အနာဂါတ်
စည်းဝါးချက် မှန်မှန် ကကွက်ဆန်း ခုနှစ်ထွေနဲ့
ကံကြမ္မာက သူဘက်သူယက်ပြီး
ဘဝတွေကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်။
အဖေသာရှိနေဦးမယ်ဆိုတဲ့ အတွေးက
အခုထိ လတ်ဆက်နေတုန်း
ဘာတက်နိုင်မလဲ….
ဈေးထဲက ရောင်းတဲ့ ကြက်သား
ရေထိုးတယ် အလေးခိုးတယ်
သိသိကြီးနဲ့ ဝယ်စားရတာပဲ။

In: ကဗျာ Posted By: Date: Sep 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment