Professional Authors

တမ်းတမ်းတတ နှမြော တတကြီးစွာ

အိန်ဂျယ် …
မထင်မှတ်ဘဲ
ဆုံခဲ့တဲ့ ခဏတာအချိန်လေးမှာ

မေ့မရစရာ

အမှတ်ရစရာ

ပြောစရာ

အများကြီး မရှိခဲ့လည်း

ရင်ထဲမှာတော့

အမှတ်တစ်ခု

စွန်းထင်းသွားတာတော့ ၀န်ခံပါရစေ။

တစ်လဆိုတဲ့
ဆုံဆည်းခဲ့တဲ့အချိန်အတိုလေးကို
တနှစ်ဆိုတဲ့
ဝေးကွာခြင်းဆိုတဲ့ တံတိုင်းကြီးနဲ့
အစားထိုးခဲ့တဲ့ အချိန်ရှည်လမြောကြီးကို
ငါ
သေ
အောင်
မုန်း
တယ်။။။။။။
အခုလည်း
မထင်မှတ်ဘဲ
နင်ပေါ်လာပြီး
တစ်ပတ် ဆယ်ရက်
ဆုံဆည်းခဲ့ပြန်
တဖန်
နင်ထွက်သွားပြန်
ဒီတစ်ခါတော့
ငါတို့ တစ်ခေါက် ဝေးသွားရမှာ
သိသိကြီးနဲ့ တစ်ပတ်ဆယ်ရက် အဲလေ
နှမြောတတနဲ့ ဖြုန်းခဲ့ကြသေးတယ်။။။။။
ပြန်ဆုံဖို့
မလွယ်ကူတော့မှန်း
သိသိကြီးနဲ့ ဇွတ်တရွတ်
တတွတ်တွတ်ပြောခဲ့ စကားသံများ
ရင်ထဲက ကြားယောင်မိသေး။။။

နင်နဲ့ ပြန်ဆုံဖို့ဆိုတာ ထား…
နင်နဲ့ အဆက်အသွယ်ခလေးရလိုရငြား
တစ်ခါ တစ်ခါ အွန်လို်င်းထဲ
တစ်ခါ တစ်ခါ ဂူဂဲလ်ကိုလဲ
အကူအညီတောင်းကြည့်သေးတယ်။။။။
နင့်ပုံတွေ တွေ့လိုတွေ့ငြား
နာမည်ကျော် အင်တနက်search အင်ဂျင်ထဲလည်း
နင့်နာမည် ရိုက်ထည့် ရှာမိသေး။။။။။။။

အခုချိန်မှာ
ငါ အတမ်းဆုံး အရာမှာတော့
နင် ပါ ။။။
အတူသွားခဲ့တဲ့ နေရာလေး
အတူဖြုန်းခဲတဲ့ နာရီ မိနစ်တွေ
ငါ နှမြောတတ ကြီးစွာ
……………………..

In: ကဗျာ Posted By: Date: Aug 25, 2011
Comment #1

အားပေးသွားပါသည်

Comment #2

ဒီတစ်ခါတော့
ငါတို့ တစ်ခေါက် ဝေးသွားရမှာ
သိသိကြီးနဲ့ တစ်ပတ်ဆယ်ရက် အဲလေ
နှမြောတတနဲ့ ဖြုန်းခဲ့ကြသေးတယ်။။။။။
ပြန်ဆုံဖို့
မလွယ်ကူတော့မှန်း
သိသိကြီးနဲ့ ဇွတ်တရွတ်
တတွတ်တွတ်ပြောခဲ့ စကားသံများ
ရင်ထဲက ကြားယောင်မိသေး။။။

commentinfo By: ဆည်းဆာ at Aug 25, 2011
Comment #3

ကျေးဇူးပါ ။

commentinfo By: gadounlay at Aug 26, 2011
Comment #4

har,,,,,
he,,he,,,
tu tu be naw.

commentinfo By: ei lay at Sep 3, 2011
Comment #5

miss

commentinfo By: ei lay at Feb 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment