Professional Authors

တဖတ်သတ်တစ်ယောက်၏ ခံစားချက်များ….

ခံစားချက်ခြင်း တူတာတောင်
ငါက မျိုသိပ်ထားရတဲ့သူ…..။

ပိုင်ဆိုင်လိုတာခြင်း တူတာတောင်
ငါက အမြဲ ပေးဆပ်ပေးခဲ့ရတဲ့သူ…..။

ချစ်ခြင်းတွေ တူညီတာတောင်
ငါက ဘေးထွက် မျှော်လင့်ချက်တွေ မဲ့ခဲ့ရတဲ့သူ….။

ငိုကြွေးရခြင်းတွေ တူနေတာတောင်
မျက်ရည်တွေ ငါသိမ်းဆည်း ပျော်ရွှင်မှုတွေ ဖျော်ဖြေပေးခဲ့ရတဲ့သူ….။

အသည်းကွဲရခြင်း တူနေတာတောင်
နင်ဖြေသာစေဖို့ထည့်တွက်
ရာထောင်မကတဲ့ ရင်ခွင်ကအနာကိုပဲ နင့်ဆီက ဝေမျှယူပေးခဲ့ရသူ….။

သံယောဇဉ်တွေ လွန်ကဲမိခဲ့တာတောင်
သူငယ်ချင်းဆိုတာကို တွေးတိုင်း ဆွေးဆွေးမြည့်မြည့် လွမ်း
နင့်…ဒဏ်ရာတွေအတွက်
ငါ့အတ္တကိုနှင်းအပ်…….
ဒီတစ်သတ်လုံး တစ်ဖတ်သတ်ဘ၀ နဲ့ နေတက်သလို နေထိုင်လာခဲ့ရတဲ့သူပါဟာ….။    ။

 

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Jul 10, 2011
Comment #1

ပိုင်ဆိုင်လိုတာခြင်း တူတာတောင်
ငါက အမြဲ ပေးဆပ်ပေးခဲ့ရတဲ့သူ…..။

ချစ်ခြင်းတွေ တူညီတာတောင်
ငါက ဘေးထွက် မျှော်လင့်ချက်တွေ မဲ့ခဲ့ရတဲ့သူ….။

ငိုကြွေးရခြင်းတွေ တူနေတာတောင်
မျက်ရည်တွေ ငါသိမ်းဆည်း ပျော်ရွှင်မှုတွေ ဖျော်ဖြေပေးခဲ့ရတဲ့သူ….။

virus နဲ့တစ်ထပ်တည်းပဲ…..

commentinfo By: virus at Jul 10, 2011
Comment #2

good
better
best
really nice.

commentinfo By: ei2lay at Jul 10, 2011
Comment #3

ပိုင်ဆိုင်လိုတာခြင်း တူတာတောင်
ငါက အမြဲ ပေးဆပ်ပေးခဲ့ရတဲ့သူ…..။
နင့်…ဒဏ်ရာတွေအတွက်
ငါ့အတ္တကိုနှင်းအပ်…….
ဒီတစ်သတ်လုံး တစ်ဖတ်သတ်ဘ၀ နဲ့ နေတက်သလို နေထိုင်လာခဲ့ရတဲ့သူပါဟာ….။ ။
အလွမ်း…ခံစားချက်ချင်းထပ်တူညီ..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 10, 2011
Comment #4

အားပေးပါတယ်

commentinfo By: HEROSMITH at Jul 11, 2011
Comment #5

ခံစားချက်ခြင်း တူတာတောင်
ငါက မျိုသိပ်ထားရတဲ့သူ…..။

ပိုင်ဆိုင်လိုတာခြင်း တူတာတောင်
ငါက အမြဲ ပေးဆပ်ပေးခဲ့ရတဲ့သူ…..။

ချစ်ခြင်းတွေ တူညီတာတောင်
ငါက ဘေးထွက် မျှော်လင့်ချက်တွေ မဲ့ခဲ့ရတဲ့သူ….။

ငိုကြွေးရခြင်းတွေ တူနေတာတောင်
မျက်ရည်တွေ ငါသိမ်းဆည်း ပျော်ရွှင်မှုတွေ ဖျော်ဖြေပေးခဲ့ရတဲ့သူ….။

commentinfo By: အောင်ရဲသူ at Jul 11, 2011
Comment #6

i like so so much.
i like so so much.
i like so so much.

commentinfo By: ei lay at Sep 14, 2011
Comment #7

good poem

commentinfo By: minchansike at Nov 19, 2012
Comment #8

ကြိုက်တယ်ဗျာ…အားပေးတယ်

commentinfo By: yeyint at Jul 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment