Professional Authors

ခံစားချက်ပန်းချီ

ပျော်ရွှင်ခြင်း စုတ်ချက်တွေနဲ့
ရေးဆွဲခဲ့တဲ့ပန်းချီကား
အနားသတ်မှာလည်း
ယုံကြည်မှုခပ်ရေးရေးနဲ့ပေါ့………..

အတိတ်က ဂရုစိုက်မှုတွေနဲ့
စီးမျောခဲ့တဲ့ငါ
နင့်ရဲ့……အေးစက်စက်ဆက်ဆံမှုမှာ
ခုတော့လည့်း နေသားတကျပေါ့………..

(နင့်အတွက်)ငါက နင်ထားရာနေ
နင်စေရာသွားဖို့အတွက်လား
ထားပါတော့လေ
ချစ်နေမှတော့ ငါ အရှုံးတွေနဲ့ပေါ့………….

(မျက်ရည်တွေကြားမှာ)
ဝမ်းနည်းခြင်း စုတ်ချက်တွေနဲ့
ခပ်သွက်သွက် ရေးမိတဲ့ ပန်းချီကားလေး
အဆုံးသတ်မှာတော့
နာကြည်းမှု ဒဏ်ရာတွေ
အထင်းသားပေါ့……….။ ။

In: ကဗျာ Posted By: Date: Jan 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment