Professional Authors

မိုးပျံစွန်

အပ်တစ်ချောင်းဟာ ဘူပေါင်းကလေးအတက်တော့
အန္တရာယ်ရှိပေမယ့်
မင်းရဲ့အမုန်းဟာ ငါ့နှလုံးသားအတွက်တော့
ပန်းလေးတစ်ပွင့်လိုပါပဲ။

စူးရှလွန်းတဲ့မင်းရဲ့အကြည့်က ဓါးတစ်လက်လိုထက်ပေမယ့်
မာကြောလှတဲ့ငါ့နှလုံးသားကိုလှီးဖြတ်ဖို့
မလွယ်ကူနိုင်ပါဘူး။

ပေးဆပ်ခြင်းကိုနားမလည်ပေမယ့်
ပေးဆပ်ရင်းပျော်နေတတ်ပါပြီ။

စွန့် လွှတ်ခြင်းက စွန်လွှတ်ခြင်းလောက်မလွယ်ပေမယ့်
မင်းစိတ်ချမ်းသာဖို့ အတွက်
ချည်နှောင်ထားတဲ့  ကြိုးလေးကို ဖြတ်ပေးပါ့မယ်
စွန်လေးရယ်။
ပျံဝဲနေရင်း မှုန်တိုင်းတွေနဲ့တွေ့ ကြုံလာခဲ့ရင်တော့
သတိတရလှမ်းခေါ်လိုက်ပါ စွန်လေးရယ်။

In: ကဗျာ Posted By: Date: Jun 22, 2011
Comment #1

စူးရှလွန်းတဲ့မင်းရဲ့အကြည့်က ဓါးတစ်လက်လိုထက်ပေမယ့်
မာကြောလှတဲ့ငါ့နှလုံးသားကိုလှီးဖြတ်ဖို့
မလွယ်ကူနိုင်ပါဘူး။
ကြိုက်တယ်ဗျာ။စာသားလေး။ကိုဂျင်းနီ

commentinfo By: Village chat kyi at Jun 23, 2011
Comment #2

ကျေးဇူးပါဗျာ

commentinfo By: jini at Jun 23, 2011
Comment #3

မင်းအားနေလို့မကောင်းမကမ်းကိုဖတ်ရလား

commentinfo By: winkhine at Jun 23, 2011
Comment #4

နည်းနည်းတော့ကြိုက်သွားပြီ
သားကြီးကြိုးစား

commentinfo By: winkhine at Jun 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment