Professional Authors

အကောင်းဆုံးနှင့်အပျော်ရွှင်ဆုံး ဖြတ်သန်းလိုက်ပါ – နရီထက်

ရောင့်ရဲတင်းတိမ်မှုကို
အရောင်မဆိုးခင်လေးမှာ
စဉ်းစားကာ ပေါ့ပေါ့လေး
ဖြတ်သန်းလိုက်ပါ
မင်းဘ၀လေး. . . .

အလုပ်ဆိုတာ
သေတဲ့အထိ
လုပ်ကြရမှာမဟုတ်လား
အကောင်းဆုံးနှင့်အရိုးသားဆုံး
လုပ်ပြလိုက်ပါ
မင်းဘ၀အတွက်. . .

စည်းစိမ်ဆိုတာ
ချမ်းသာမှုတစ်ခုလား
သဘာဝတရားက မျက်နှာသာမပေးတဲ့အခါ
အပြစ်မတင်လိုက်နဲ့ ကိုယ်လူ့
မင်းနောက်မှာ အောက်လူတွေရှိသေးတယ်
ပျော်ပျော်လေး ဖြတ်သန်းလိုက်ကြည့်ပါ
မင်းစိတ်ချမ်းသာဖို့အတွက်. . .

အဆိုးဆုံးကို လက်ခံလိုက်တဲ့အချိန်
အကောင်းဆုံးအချိန်တွေကို
မင်းယှဉ်လိုက်ပါ ကိုယ့်လူ
ပျော်စရာ ရေးနေချိန်မှာ
ငိုစရာတွေ နွှဲခဲ့ဘူးတာ
ထည့်တွက်ထားပါ ကိုယ့်လူ
မင်း စိတ်သက်သာဖို့အတွက်ပါ. . .

အရိုးရှင်းဆုံး မင်းဘဝ
အလှပဆုံး စိတ်ဓာတ်
အပျော်ရွှင်ဆုံး မင်းမျက်နှာ
ငိုစရာတွေ ကြုံတဲ့အခါ
ရင်ဖွင့်တတ်တဲ့ သူငယ်ချင်း
မင်းစိတ်တွေ ထွက်ပေါက်မပိတ်နဲ့
အတောင်တွေတပ် ရွက်လွင့်ခြင်းတွေနဲ့
မင်းဘ၀ကို အရိုးသားဆုံး
ဖြတ်သန်းနေတာ
တို့တစ်တွေ ဂုဏ်ယူပါတယ်
ချစ်သူငယ်ချင်းရယ်. . .။    ။

နရီထက်
( ၂၅ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 25, 2010
Comment #1

GOOD !!!

commentinfo By: pannei at Oct 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment