Professional Authors

ချစ်ခြင်း ဒဿနတစ်ပုဒ်

ကောင်းကင်က တိမ်တိုက်တွေဟာ
လေကြောင့်ပြောင်းလဲခဲ့တယ်……..
ကိုယ့်ရင်ထဲက နှလုံးသားကလည်း
မင်းကြောင့်ပြောင်းလဲခဲ့တယ်……..
ပြောင်းလဲမှုတွေကြားထဲက
မင်းကိုအရမ်းချစ်မိသွားခဲ့တယ်……
မင်းရဲ့အချစ်ကို လိုချင်မိတဲ့
ပိုင်ဆိုင်ချင်တဲ့ ရယူချင်တဲ့
ကိုယ့်ရဲ့စိတ်က အရမ်းကိုသိမ်ဖျင်းနေပြီလား
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့’
အဲဒီစကားကမှန်နေလား
ဒါပေမယ့် ကိုယ့်အချစ်ကတော့
တရားတယ်လို့ထင်မိတယ်…
အချစ်ဆိုတာ ရယူခြင်း ပိုင်ဆိုင်ခြင်း
ပေးဆပ်ခြင်း စွန့်လွှတ်ခြင်းဆိုပြီး
အဓိပ္ပါယ်တွေ အမျိုးမျိုးဖွင့်ကြပေမယ့်
မင်းကိုချစ်တဲ့အချစ်ကတော့
ရယူခြင်းပဲလေ………
ကိုယ်တစ်ကိုယ်ကောင်းဆန်နေပြီလား
ကိုယ်ရူးသွပ်နေပြီလား………..
ကိုယ်မင်းအချစ်ကို ရယူလိုပြီး
မင်းကို ပိုင်ဆိုင်ချင်မိတယ်
ကိုယ်ပေးဆပ်ခြင်း စွန့်လွှတ်ခြင်းတွေနဲ့
မင်းကိုမချစ်နိုင်ခဲ့ဘူး……….
ဒါကြောင့် ကိုယ်သတ်မှတ်ခဲ့တယ်
အချစ်ဆိုတာဟာ
“ပကာသနကင်းတဲ့ ရယူပိုင်ဆိုင်ခြင်းပဲ”…….
အချစ်ဆိုတာဟာ

In: ကဗျာ Posted By: Date: Jun 3, 2011
Comment #1

အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jun 3, 2011
Comment #2

ကျေးဇူးတင်ပါတယ် အသဲကွဲမိုး

commentinfo By: Gipsy Lay at Jun 3, 2011
Comment #3

အချစ်ဆိုတာဟာ
“ပကာသနကင်းတဲ့ ရယူပိုင်ဆိုင်ခြင်းပဲ”…….
အချစ်ဆိုတာဟာ………………..

commentinfo By: zinzin at Jun 4, 2011
Comment #4

အားပေးသွားပါတယ်
gipsy lay

commentinfo By: poem.poem28 at Jun 5, 2011
Comment #5

အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ

commentinfo By: Gipsy Lay at Jun 6, 2011
Comment #6

100% right.
i agree with u all.
carry on,fri.
be confident to urself.

commentinfo By: ei lay at Nov 11, 2011
Comment #7

ကျေးဇူးတင်ပါတယ် အိလေး

commentinfo By: Gipsy Lay at Nov 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment