Professional Authors

နှုးညံ့စွာ ပေါက်ကွဲခြင်း…….

မိန်းမ တစ်ယောက်ရဲ့ အချစ်ကို မိန်းမ တစ်ယောက်က နားလည်တယ် ဆိုရင် ရှင်ကတော့ ကျွန်မ သူ့ကိုချစ်တဲ့အချစ်ကို မျက်ကွယ်ပြုခဲ့တယ် ကျွန်မကတော့ ရှင် အချစ်ကို နားလည်ခဲ့တယ် ကျွန်မ ချစ်သူကိုလုယူသွားတဲ့လူကို စာနာသနားခဲ့တယ်
ကံကြမ္မာရဲ့ အဆုံးအဖြတ်ကိုပဲ စောင့်နေမိတယ် ရှင်ကတော့ ကံကြမ္မာကို ကိုယ်တိုင်ဖန်းတီးခဲ့တယ် သူ့ကိုမှမရရင် ဘ၀မှာမရှင်သန်နိုင်
တော့လောက်အောင်ဖြစ်နေတဲ့ရှင့်ကို ကျွန်မမေးကြည့်တော့ အချစ်ဆိုတာ ဘာလဲတဲ့ တွေ့ခွင့်တွေကို ဖန်းတီးတယ် ရှင့်မှာအပေါဆုံးရာကမျက်ရည်ပဲလေ အဲဒီမျက်ရည်ကို ဘယ်ယောကျာင်္းလေးက ခံနိုင်ရည်ရှိမှာလဲကျွန်မအတွက်တော့အရှားပါးဆုံးက မျက်ရည်ပဲ ပူလောင်တဲ့မျက်ရည်တွေကို ချစ်သူမမြင်စေချင်ဘူးလေ ကျွန်မအတွက်ကတော့အပေါများဆုံးက ချစ်သူအတွက် အချစ်တွေပါ ရှင့်အတွက်အရှားပါးဆုံးကတော့ ကိုယ်ချင်းစားစိတ်မရှိခြင်းပဲ ကျွန်မအတွက် အဆိုးရွာဆုံးအရာကတော့ ချစ်သူရဲ့စိတ်ဆင်းရဲမှုပါပဲမကြည့်ရက်ခဲ့ပါဘူး အမြဲတမ်းပြသာနာရှာလိုက် နောက်ပြီး မျက်ရည်ကျပြပြီး တောင်းပန်လိုက် ကြာတော့ ရှင့်ကိုကျွန်မတောင်ကြောက်လာတယ် ရှင်နဲ့ မယှဉ်ချင်ပါဘူး ဘာလို့လဲဆိုတော့ ယှဉ်စရာမလိုဘူးလေ အချစ်ချင်းယှဉ်ရင်လဲ ကျွန်မပဲနိုင်မှာလေ ရှင်မှာ အချစ်မှမရှိတာ အနိုင်လိုချင်တာ တခုပဲရှိတယ် ရှင့်ရဲ့ အနိုင်ယူမှုတခုကြောင့် ပျက်စီးရမယ့်နှလုံးသားကပိုများပါတယ် တစ်ဘ၀လုံးကို အသက်မဲ့စွာလျောက်လှမ်းရမယ့် လူက ၂ယောက်ပါ အနိုင်ရပြီးပျော်ရွင်၇မှာက ရှင် ၁ယောက်ထဲပါ ရှင့်မှာနားလည်တက်တဲ့နှလုံးသားရှိရင် စာနာပေးတက်မှာပါ နောက်ဆုံးရှင်ရဲ့စိတ်ကတော့ ကြောက်ဖို့ကောင်းခဲ့တယ် လောကမှာ၁ယောက်ယောက်မရှိရင်ပြီးရောမှတ်လားတဲ့ ရှင်ရဲ့ အသက်နဲ့ခြိမ်းခြောက်ခဲ့တယ် တော်တော်စိတ်ပျက်စရာကောင်းခဲ့တာပဲ လုံးဝ ရှင့်ကိုအရှုံးပေးဖို့စိတ်မရှိခဲ့ဘူး အဆုံးထိပြိုင်ဖို့ပဲရှိတယ် ကျွန်မတို့တွေက ပန်းတခိုင် ဖြစ်ခဲ့မယ်ဆိုရင် ပန်းပွင့် ၂ ပွင့်ကြားက သစ်ရွက်ကလေးကို ဘယ်သူပိုင်မလဲ…….

In: ဝတ္ထု Posted By: Date: Aug 4, 2010
Comment #1

ကိုယ်ချင်းစာမိပါတယ်ဘ၀တူတွေပါပဲ

commentinfo By: songmoezin at Aug 4, 2010
Comment #2

ကောင်းလိုက်တာစာတွေက..

commentinfo By: justjust at Oct 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment