Professional Authors

………………..သို့

လွမ်းတယ်ဆိုတဲ့စကား
နင့်ပါးစပ်ကပြောတာ
နောက်ထပ်မကြားချင်တော့ဘူး
တွေ့မှလွမ်းပြနေတတ်တာမျိုး
ငါ့အတွက်ကရိုးနေပြီ…
ဟိုး…..အရင်အချိန်ကလိုလည်း
နင့် တော်ကီတွေကြားမှာ
ငါ……….ဗျာမများတတ်တော့ပါဘူး
စကားလုံးချိုချိုတွေနဲ့တော့
ငါ့ကိုညာဖို့မစဉ်းစားနဲ့
စိတ်ထဲကမပါတဲ့နောက်တော့
ငါ့ဆီလည်းရောက်မလာပါနဲ့တော့
တကယ်မတည်နိုင်ဘဲပေးတတ်တဲ့
နင့်ရဲ့ခပ်လွယ်လွယ်ကတိတွေကိုလည်း
ပျက်ကွက်တာများလာတော့
ငါအယုံအကြည်မဲ့လာပြီ
မျှော်လင့်ရင်းတော့ဆက်မရူးချင်တော့ဘူး
စုပ်လည်းစူးမယ့်အတူတူ
လမ်းခွဲခြင်းကပိုချိုမယ်ထင်ပါရဲ့။           ။

In: ကဗျာ Posted By: Date: May 21, 2011
Comment #1

ကျွန်တော်ကို ရည်ညွှန်းသလားအောက်မေ့ရတယ်။
ရေးသားပုံကို နှစ်သက်ပါတယ်

commentinfo By: Mr.Jugger at Jul 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment