Professional Authors

……………..သို့

…………ရေ

မဖြစ်နိုင်ဘူးဆိုရင်တော့

ချစ်လာအောင်မဆွဲဆောင်ပါနဲ့တော့

အချိန်ကြာလာတာနဲ့အမျှ

ငါ့ရမယ့်ဒဏ်ရာကလည်းနက်လာမယ်

တနေ့တနေ့မျှော်လင့်ခြင်းတွေက

အရောင်မှိန်လာနေပြီ

ဖြစ်မလာမယ့်နေ့တနေ့နေ့ဆိုတာကို

တမြေ့မြေ့တော့မစောင့်ချင်တော့ဘူး

အလွမ်းဆိုတာ

နဖူးတွေ့ဒူးတွေ့တွေ့မှမဟုတ်ပါဘူး

တွေးရုံနဲ့တောင်ရင်နင့်တယ်

မရွာချင်လို့ခေါင်တဲ့မိုးကိုတော့

နှလုံးသားလွန်ဆွဲပြီးမခေါ်ချင်တော့ပါဘူး

ငါ့အချစ်ကငါ့ကိုပြန်မသတ်ခင်

ဒီဇာတ်ကိုဒီမှာတင်ရပ်တာကောင်းပါတယ်။                ။

In: ကဗျာ Posted By: Date: May 5, 2011
Comment #1

မရွာချင်လို့ခေါင်တဲ့မိုးကိုတော့

နှလုံးသားလွန်ဆွဲပြီးမခေါ်ချင်တော့ပါဘူး

ငါ့အချစ်ကငါ့ကိုပြန်မသတ်ခင်

ဒီဇာတ်ကိုဒီမှာတင်ရပ်တာကောင်းပါတယ်။ ။

commentinfo By: အသဲကွဲမိုး at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment