Professional Authors

တိတ်ဆိတ်သူ

အလှမ်းခက်သူမို.
မနမ်းရက် မျက်လွှာလေးကို
လွမ်းရက်ကဝေ။

အဆင်သင့်ရင်တောင်
ကြင်ခွင့်ကို မယူရက်လို.
ချွေဖျက်သူ ကိုယ်မဟုတ်ပါဘူး
နှုတ်ဆိတ်သူလေ။

တွေ.ရင်တောင် အကြည့်သိမ်းလို.
ယိမ်းနွဲ.သူ ခြေလှမ်းခက်အောင်
မလုပ်ရက်သူပါမေ
ဣနြေ္ဒရှင်ယုံပါလား။

စိုးထိတ်သူက
တိုးတိတ်စွာ နေခဲ့ချင်လည်း
ပဲ့တင်သံ ရင်ခုန်နှုန်းက
ပုန်းရခက်သား။       ။

In: ကဗျာ Posted By: Date: May 13, 2011
Comment #1

အဲ့ ဒီလိုအဖွဲ့ လေးတွေနဲ့ ပြန်တွေ့ ရတော့ 
ရင်ဘတ်တစ်ခြမ်းနွေးသွားတယ်။။။။။။။။။။။။
အဲ့ ဒီလေကိုကြိုက်တယ်။။။။။။။။။။။။။။။
ကျေးဇူးတင်ပါတယ်

commentinfo By: မင်းလူန at May 13, 2011
Comment #2

1985

commentinfo By: အနီရောင်နှင်း at May 13, 2011
Comment #3

1985 မဟုတ်ရပါဘူးဗျာ၊ဒီနေ.့မှရေးတာပါ။ကဗျာရေးတတ်ကာစကလေးချိုးလေးတွေ ပြန်ရေးကြည့်တာပါ
ဒီခေတ်နဲ.တော့အံမ၀င်တော့ဘူးလေ

commentinfo By: မော်နီ at May 13, 2011
Comment #4

အံဝင်ဂွင်ကျဖြစ်နေတိုင်းသက်တောင့် သက်သာမရှိပါဘူးအစ်ကို
ကျနော်တော့ ကြိုက်တယ်။အားပေးတယ်

commentinfo By: kathitni1980 at May 13, 2011
Comment #5

နှစ်ကိုယ်တူချစ်သူမျှသီချင်းကိုစပြီး

နားထောင်မိတုန်းကလိုခံစားမိလို့ပါ

နှစ်သက်ပါတယ်

commentinfo By: အနီရောင်နှင်း at May 13, 2011
Comment #6

ကောင်း၏
မိုက်၏
တော်တော်လေးလန်း၏

commentinfo By: လွမ်းနောင် at May 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment