Professional Authors

ဧည့်သည် – နရီထက်

ပူပန်ရှာပန်း ဆင်မြန်းထက်လည်း
တစ်နေ့နေ့တော့ လွမ်းလျမည်

မွေးရနံ့တွေ ထုံသင်းပျံလွင့်
ခရီးသွက်လည်း …
တစ်နေ့နေ့တော့ နားခဲ့ရမည်

ဒုက္ခ၊ သုခ နှစ်ဖြာစံငြား
စိတ်တွေ ထွင်လည်း
တစ်နေ့နေ့တော့ အေးရမည်

မရှိပူပန် ရှိငြင်းဆန်လည်း
စောဒကတက် ချေးများသည့်ခါ
မရှိစေရာ သူတို့တွေကို
တွေးကြည့်စာနာ သတိရစေချင်သည်

ကျောအေးနေသာ ရှိပါသော်ငြား
လိုတကြောင့်ခက် ရမက်ပိုလည်း
မရှိနေရာ သူတို့တွေကို
အသနာပို တွေ့မြင်ချင်သည်

မရှိစကောင်း ချမ်းသာတစ်မူ
ဆင်းရဲ ပြောင်းလှည့် ကြမ္မာထောင်းပြန်
သည်တစ်ကွေ့မှာ
သင်သည်သာ ဟာသတစ်ခွက်
မျက်ရည်ဆေးခါးတစ်ခွက်
တစ်လှည့်စီတော့ သောက်ဖူးပေမည်

အချိန်တန်ရင် အိမ်ပြန်ရမည်
အချိန်စေ့ရင် နေရာလေးတစ်နေရာက
လူတိုင်း ရမည်
လူတိုင်းအတွက် နေရာလေးတစ်နေရာက
စောင့်နေပြီးတာပါ…။     ။

နရီထက်
( ၁၉ ၊ မတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Mar 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment