Professional Authors

အစမ်းရှင်းတမ်း တွက်ချက်ခြင်း

လတ်တလော ရေငတ်ပြေဖို့
ငါ့ လျှာကို ငါ .
ကိုက်ဖြတ် ဖူးတယ် (ခါးတယ်)

လတ်တလော အဆာပြေဖို့ . .
ငါ့ ဦးနှောက်ကို ငါ . .
ထုတ် ရောင်းဖူးတယ် (ဈေးနှိမ် ခံရသည်)

လတ်တလော အရိပ်ခိုရဖို့
ငါ့ ဒူးနဲ့ ဇက်ကို ငါ
ရိုက်ချိုးဖူးတယ် (တံတွေးစင်တယ်)

အခုရင်ထဲမှာ ကြားနေတာ
ငှက်ကြီးရဲ့ ဗင်းဆင့်ဗန်ဂိုး တမ်းချင်းလား . . . 

လူတိုင်း က ရာမဇတ် လိုပဲ

အတိုင်အဖေါက်ညီညီ မျက်နှာဖုံးစွပ်ထားလေရဲ့

အမှိုက်တောင်းထဲက ကြံဖတ်ရဲ့

မျှော်လင့်ချက်ကို ဘယ်သူကများ အသိအမှတ်ပြုမှာတဲ့လဲ

ငါ့မှာသာ ဒဏ်ရာဒဏ်ချက် ဗလပွနဲ့

ပြောတတ်တဲ့ တစ်ခွန်းထဲသော စကားကို

အထစ်အငေါ့မရှိ ရမ်းယောင်ညည်း နေလေရဲ့

“ ဟုတ်ကဲ့ ” တဲ့

In: ကဗျာ Posted By: Date: Mar 6, 2011
Comment #1

လိုတာရှိရင် ၀ိုင်းပြင်ပေးကြပါအုံးဗျာ

commentinfo By: mgchannaye at Mar 7, 2011
Comment #2

လူတိုင်း က ရာမဇတ် လိုပဲ
အတိုင်အဖေါက်ညီညီ မျက်နှာဖုံးစွပ်ထားလေရဲ့
အမှိုက်တောင်းထဲက ကြံဖတ်ရဲ့
မျှော်လင့်ချက်ကို ဘယ်သူကများ အသိအမှတ်ပြုမှာတဲ့လဲ
ငါ့မှာသာ ဒဏ်ရာဒဏ်ချက် ဗလပွနဲ့
ပြောတတ်တဲ့ တစ်ခွန်းထဲသော စကားကို
အထစ်အငေါ့မရှိ ရမ်းယောင်ညည်း နေလေရဲ့
“ ဟုတ်ကဲ့ ” တဲ့
ဖြစ်တက်ပါတယ်.. အားပေးနေပါတယ် 🙂

commentinfo By: ရွှေငါး at Mar 7, 2011
Comment #3

ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ 🙂

commentinfo By: mgchannaye at Mar 8, 2011
Comment #4

လတ်တလော ရေငတ်ပြေဖို့
ငါ့ လျှာကို ငါ .
ကိုက်ဖြတ် ဖူးတယ် (ခါးတယ်)

လတ်တလော အဆာပြေဖို့ . .
ငါ့ ဦးနှောက်ကို ငါ . .
ထုတ် ရောင်းဖူးတယ် (ဈေးနှိမ် ခံရသည်)

လတ်တလော အရိပ်ခိုရဖို့
ငါ့ ဒူးနဲ့ ဇက်ကို ငါ
ရိုက်ချိုးဖူးတယ် (တံတွေးစင်တယ်) … ၇င်ဘတ်ချင်း ထပ်တူကျသွားတယ်

commentinfo By: sharon myorr myor at Mar 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment