Professional Authors

စိတ်လျော့ခဲ့ခြင်း

မေ့နိုင်သွားပြီလား
ငါ့ကိုထားခဲ့တာ
ဇာတ်လမ်းကိုအပြတ်ဖြတ်
လမ်းခွဲရက်ခဲ့တာ….
ဘယ်လိုအင်အားနဲ့
ရင်ဆိုင်သွားရမှာတဲ့လဲ…
လွယ်လိုက်တဲ့စကား
နားကြားမှားသလားကွယ်..
မေ့လိုက်ပါ…နောက်ထပ်ရှာတဲ့
အရေခွံလဲသမျှ…အသစ်ဖြစ်ကြပါ့မလား
အချစ်ဆိုတာ မြွေမှမဟုတ်ပဲ
ထားလိုက်ပါတော့ကွယ်….
နှလုံးမအေးပေမယ့် အရှုံးပေးပါရဲ့။
ငါ့မျှော်လင့်ချက်တွေ…ဆုပ်ဖြဲ
ပန်းကြဲသလို…ကြဲချလိုက်တယ်။
မင်းတို့ပျော်နိုင်ပါစေကွယ်။။။။

In: ကဗျာ Posted By: Date: Nov 10, 2012
Comment #1

အရေခွံလဲနိုင်ပါစေ အကို

commentinfo By: မေပျို at Nov 10, 2012
Comment #2

အရမ်းကောင်းပါတယ် .ဗျာ ..ဒါပေမဲ့ခေတ်ာနောက်ကျနေသလိုပဲဗျ…အတွေးလန်းလန်းလေးတွေ တွေးဆန်းပါဗျ.

commentinfo By: D26 at Mar 12, 2013
Comment #3

သူမတွေးနိုင်တော့ပါဘူး:'(
ကဗျာလည်းမရေးနိုင်တော့ပါဘူး။

commentinfo By: miss tower at Mar 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment