Professional Authors

ငါ့အတွက်ဆို နင် …ဘယ်တော့မှ အားမငယ်ပါနဲ့….။

အချစ်စစ်တွေတိုင်း မဖြောင့်ဖြူးနိုင်တဲ့လမ်းမှာ
အလွမ်းတွေ ဘယ်လောက်ပဲ ဆိုးရွား…..
ထာဝရ ငါတို့ဝေးသွားဖို့မရှိတာပဲ ကံကောင်းလွန်းပါတယ်….ချစ်သူ

ရယ်….။

အလှမ်းဝေးတဲ့ ရေခြားမြေခြားမှာ
နင့်ရဲ့ သတိရခြင်းတွေက
ငါ့ကို အကောင်းဆုံးမိတ်ဖွဲ့လို့……အချိန်တွေထဲ ငါလက်ပစ်ကူးခတ်
နင့်အပြင် နောက်ထပ်လည်း ငါ…ဘယ်သူမှ မလိုအပ်ပါဘူးဟာ…..။

နင့်အတွက် လိုတရဖြစ်ချင်တဲ့ ငါ
နင့်ဘ၀အတွက် သူရဲကောင်းဖြစ်ချင်တဲ့ ငါ
နင့်ရဲ့ဘေးမှာ ချစ်သူစစ် ဖြစ်ချင်နေတဲ့ ငါ
ယုံကြည်ချက်တစ်ခုတည်းနဲ့ အရာရာကို ကျော်ဖြတ်ရဲတယ်
တစ်ချိန်ချိန်မှာတော့ နင့်အနား အရောက်လာ……
ဘယ်တော့မှလည်း….ငါ ခွဲမသွားတော့ပါဘူး….။

အနာဂတ်ဆိုတဲ့ အရာကို
ငါ့သစ္စာနဲ့လည်း စိန်ခေါ်ရဲပါတယ်
မမြင်ရတဲ့ ရှေ့ပြေးကံတွေအတွက်
နင်…ဘယ်အခါမှလည်း တွေးပြီး မသိမ်ငယ်ပါနဲ့…….။

အဆိုးဆုံးတွေ အခြေခံထားတဲ့
အကျိုးအကြောင်းတွေ ပေါ်ပေါက်လာခဲ့ရင်
ငါတို့နှစ်ဦးရဲ့ နီးကပ်နေလွန်းတဲ့ စိတ်တွေနဲ့
ငါတို့ရှေ့မှောက် သူတို့ကို ဒူးထောက်စေခိုင်းလို့လည်း ရပါတယ်….။

ဆုံစည်းခွင့်မရသေးတာ တစ်ခုတည်းအတွက်
ကျိတ်ပြီးတော့လည်း ၀မ်းမနည်းနေပါနဲ့…
အငိုလွယ်သော မျက်ဝန်းညိုညိုလေးထဲ
ငါ့ကြောင့် မိုးရာသီတွေ သွန်းဖြိုးကုန်မှာ….ငါအကြောက်ဆုံးမို့ပါ….။

လေလှိုင်းထဲက ရယ်သံလေးလွင့်မျော
ငါ့သွေးကြောထဲထိ နင်စီးဝင်နေလို့
တမြတ်တနိုး ငါငေးမောဖူးတဲ့….နင့်ပါးချိုင့်ခွက်ခွက်လေးထဲ
ငါ့ ညအိပ်မက်တွေ အမြဲလိုလိုစီးမျောခဲ့တယ်ဆိုတာ…..
နင်သိလာအောင် ပြောပြဖို့
တစ်နေ့နေ့ကို ငါလည်း စောင့်မျှော်နေမိဆဲ…..။

ကလေးဆန်တဲ့စကားသံလေးတွေနဲ့
ငါ့ရင်ခွင် နင်မှီတွဲ
မထားခဲ့ဖို့…..အကြိမ်ကြိမ်ပြောခဲ့တဲ့နင့်ကို
ငါ့အနာဂတ်တွေထိ ဆွဲခေါ်ယူပြီး
ပြန်ဆုံမယ့်နေ့တွေထဲ……
ဟိုး…..အရင့်အရင်ကထက်လည်း…..ငါ ပိုချစ်ပါ့မယ်လို့ ကတိပေးပါတယ်….။

ပြောင်းလဲနေတဲ့ ကာလတွေထဲ
ငါ့ကိုပဲ စွဲမြဲချစ်တဲ့ နင့်ကို
ဘ၀အဖော်အဖြစ်သတ်မှတ်…..ငါ့ရာသီခွင်တွေ အပိုင်းစားပေးအပ်လို့
ငါ့ကမ္ဘာကြီးတစ်ခုလုံးအားလည်း…..နင့်ထံသို့ အပ်နှံသွားဖို့
ငါ့နှလုံးသားနဲ့ရင်းပြီးလည်း….အစီအစဉ်တွေဆွဲပြီးခဲ့ပြီ…..။

ဘာတွေဘယ်လောက်ပဲ ကာဆီးပါစေ
သံယောဇဉ်တွေအတွက်တော့ နင်စိတ်ချ
နင်ရှိပြီးသား ရင်ခွင်ဒီနေရာမှာ…..
ကြင်နာခြင်းတွေကလည်း သပ်သပ်ရပ်ရပ် ရစ်ပတ်နေပြီလေ…..။

ငါ့ဝိဥာည်ဘ၀ ရုန်းကန်နေရခြင်းမှာ
နင်သည်သာ အဓိက ကျနေတာမို့
သိပ် ဝေး ဝေး လည်း လျှောက်လျှောက်မတွေးပါနဲ့ ချစ်သူ…..
ငါဆိုတဲ့ လူက…..နင်ဆိုတဲ့ ကောင်မလေးအတွက်
ဒီတစ်သတ်ပေးဆပ်သွားရဖို့ ကျေကျေနပ်နပ် …..ဆုံးဖြတ်ပြီးသား…..။

ငါ့ကို လွမ်းဆွတ်နေရခြင်းအတွက်
နင့်နှလုံးသား နွမ်းနယ်နေရတဲ့အခါ
ဟိုတစ်ချိန်က…ရင်ခုန်သံတွေ နင် အမှတ်ရ
ဒီလိုအချိန်ဆို….အဝေးအရပ်က ငါ….
နင့်ဆီအရောက်လာနိုင်ဖို့…….ကြိုးစားနေရင်း….
ပြီးပြည့်စုံလာမယ့်ဘ၀အတွက်…..အချိန်တချို့ ခဏအသုံးပြုနေတယ်ဆိုတာ…
နင်တွေးလိုက်ရင်….
ကြည်နူးခြင်းအပိုင်းအစလည်း နင့်အနား ပတ်လည်ဝိုင်းနေမှာပါ…..။

ငါတို့ရဲ့ ချစ်ခြင်းတွေအတွက်
ယုံကြည်ခြင်းကို အားအင်လိုမွေးမယ်…..
သတိရခြင်းတွေကို ယုံကြည်ရင်း………..
ဆုံမှတ်တစ်ခုကို ယုံကြည်ရင်း……
အနမ်းစစ်ကို ယုံကြည်ရင်း…..
ပြန်ပြောင်းတွေးတိုင်းလည်း…..ငါ အားတက်ပါတယ်….
ငါတို့တွေ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ခဲ့ကြလို့လေ…..။

ဘာလိုသေးလို့လဲ ချစ်သူရယ်……
အတွေးခေါင်တတ်တဲ့ ဦးနှောက်ငယ်လေးနဲ့
အများကြီးလည်း မတွေးပါနဲ့
အနေဝေးခြင်းကို အခွင့်အရေးယူတက်လွန်းတဲ့
သံသယဆိုတာနဲ့ နင်…..နေသားကျသွားမှာ
ငါ စိုးရိမ်လွန်းလို့ပါ…..။
ငါ့ခန္ဓာနဲ့ နင့်အချစ် ဖွဲ့တည်ခြင်းခံထားရတဲ့ငါ…..
ခွဲခွာရစေမယ့် စိတ်အစိုင်အခဲလေးတောင်…နင့်နှလုံးသားထဲ ငါ
အ၀င်မခံနိုင်လို့ပါ…..။

လူပြောများတဲ့ သွေးအေးခြင်းဆိုတဲ့အကြောင်း….
ဘာပဲဖြစ်ဖြစ် နင် လက်မခံနဲ့….
မှန်ကန်သော အချစ်စစ်အတွက်
အနှောက်အယှက်ဆိုတာလည်း သိပ်များလွန်းလို့ပါ…..။

အတိတ်တွေပြန်ဖော်ပေးတဲ့
နေရာစုံကြား …နင် …..အလည်ရောက်မိတဲ့အခါ
အလိုလိုနေရင်းနဲ့လည်း
အားမငယ်ပါနဲ့……
ငါနင့်ကို ဘယ်တော့မှ ရက်ရက်စက်စက် ခွဲမသွားရက်ပါဘူးဟာ….။

ပြောချင်ဆုံးစကားနဲ့
မှာနေကြစကားပဲ ငါအကြိမ်ကြိမ်ပြောပါရစေ……
ငါ့အတွက်ဆို နင် …ဘယ်တော့မှ အားမငယ်ပါနဲ့….။

နင့်ရှေ့မှာရပ်တည်….နင်တောင့်တသမျှ …
ဖန်ဆင်းပေးနိုင်ဖို့
နင့်ကို ခေတ္တခွဲသွားခဲ့တဲ့ငါ့အတွက်ဆို…..
ဘယ်တော့မှလည်း အားမငယ်ပါနဲ့ ချစ်သူ…..။      ။

In: Others Posted By: Date: May 14, 2011
Comment #1

ဆုံစည်းခွင့်မရသေးတာ တစ်ခုတည်းအတွက်
ကျိတ်ပြီးတော့လည်း ၀မ်းမနည်းနေပါနဲ့…
အငိုလွယ်သော မျက်ဝန်းညိုညိုလေးထဲ
ငါ့ကြောင့် မိုးရာသီတွေ သွန်းဖြိုးကုန်မှာ….ငါအကြောက်ဆုံးမို့ပါ….။

အားပေးသွားပါသည် ၊၊ ၊၊

commentinfo By:ွ့Ghost L!ke at May 15, 2011
Comment #2

နင့်ရှေ့မှာရပ်တည်….နင်တောင့်တသမျှ …
ဖန်ဆင်းပေးနိုင်ဖို့
နင့်ကို ခေတ္တခွဲသွားခဲ့တဲ့ငါ့အတွက်ဆို…..
ဘယ်တော့မှလည်း အားမငယ်ပါနဲ့ ချစ်သူ…..။ ။
I Like It

commentinfo By: nomi at May 17, 2011
Comment #3

“ကလေးဆန်တဲ့စကားသံလေးတွေနဲ့
ငါ့ရင်ခွင် နင်မှီတွဲ
မထားခဲ့ဖို့…..အကြိမ်ကြိမ်ပြောခဲ့တဲ့နင့်ကို
ငါ့အနာဂတ်တွေထိ ဆွဲခေါ်ယူပြီး
ပြန်ဆုံမယ့်နေ့တွေထဲ……
ဟိုး…..အရင့်အရင်ကထက်လည်း…..ငါ ပိုချစ်ပါ့မယ်လို့ ကတိပေးပါတယ်….။….”

“ငါ့ဝိဥာည်ဘ၀ ရုန်းကန်နေရခြင်းမှာ
နင်သည်သာ အဓိက ကျနေတာမို့
သိပ် ဝေး ဝေး လည်း လျှောက်လျှောက်မတွေးပါနဲ့ ချစ်သူ…..
ငါဆိုတဲ့ လူက…..နင်ဆိုတဲ့ ကောင်မလေးအတွက်
ဒီတစ်သတ်ပေးဆပ်သွားရဖို့ ကျေကျေနပ်နပ် …..ဆုံးဖြတ်ပြီးသား…..။”

မင်းမြတ်…ငါ ခုမှ ဒီကဗျာကို ဖတ်မိတယ်….
အရမ်းကောင်းတာပဲဟာ…..တကယ်ပါ
နင့်အတွေး ဒီလိုရှိခဲ့တယ်ဆိုတာ မသိခဲ့တာ အမှန်ပဲ…….
တော်တော် ထိတယ် စာသားလေးတွေက…။ ။

commentinfo By: ကေသရီ at Jun 25, 2011
Comment #4

လူပြောများတဲ့ သွေးအေးခြင်းဆိုတဲ့အကြောင်း….
ဘာပဲဖြစ်ဖြစ် နင် လက်မခံနဲ့….
မှန်ကန်သော အချစ်စစ်အတွက်
အနှောက်အယှက်ဆိုတာလည်း သိပ်များလွန်းလို့ပါ…..။

commentinfo By: Red Demon at Jul 31, 2011
Comment #5

အ၇မ်းကြိုက်လို့  ကူးပြီး ကျွန်တော့်ကောင်မလေးကို ပို့ လိုက်ပြီဗျာ..
ကျွန်တော် သူ့ ကိုမှာချင်နေတာတွေအားလုံး ကွက်တိပဲ.
ကျေးဇူးပါပဲဗျာ..အားပေးနေပါတယ်

commentinfo By: Red Demon at Jul 31, 2011
Comment #6

မိုးဒီကဗျာလေးကို အရမ်းကြိုက်ပါတယ်…

commentinfo By: အသဲကွဲမိုး at Aug 15, 2011
Comment #7

ကေ ….ငါ အဲလို ကဗျာတွေ အရင်ကတည်းက ရေးထားခဲ့တာပါ….နင်မသိတာပဲရှိတယ်….
နင် ဖတ်ဖြစ်တယ်ဆိုရင် လုံလောက်ပါတယ်….
အားပေးတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးပါဗျာ….။

commentinfo By: minmyat at Oct 18, 2011
Comment #8

really really admire u
😛

commentinfo By: ei lay at Sep 5, 2012
Comment #9

Arr kya like Dar shin,,,
!_!
!_!
!_!

commentinfo By: ei lay at Dec 13, 2012
Comment #10

ကဗျာတွေကအရမ်းထိတယ်နော် ။အားပေးတယ် အရမ်းလည်းကြိုက်တယ်ကွာ။

commentinfo By: အိလေး at Dec 13, 2012
Comment #11

ayan arr kya tr pl kywel……….thu myar tawe myar chit tat pa!!!!!!!

commentinfo By: shwezin myatno at May 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment