Professional Authors

ဘယ်တော့မှ…………..နင် နောင်တမရနဲ့

 

ပေးခဲ့ဖူးတဲ့ အချစ်တွေအတွက်

ငါနောင်တမရခဲ့ဘူး….။

မထိုက်လို့ လွဲခဲ့တဲ့

ငါ့အချစ်တွေအတွက်လည်း

နင်နောင်တမရနဲ့…….။


သုံးစွဲလိုက်တဲ့ ငါ့အချိန်တွေအတွက်

ငါနောင်တမရခဲ့ဘူး….။

နင်အလွဲသုံးစားလုပ်ခဲ့တဲ့

ငါ့ရဲ့မျှော်လင့်ခြင်းတွေအတွက်လည်း

နင်နောင်တမရနဲ့…..။


ထားခဲ့ဖူးတဲ့ သစ္စာတွေအတွက်

ငါနောင်တမရခဲ့ဘူး….။

မတည်ခဲ့တဲ့ ကတိတွေအတွက်လည်း

နင်နောင်တမရနဲ့…..။


ရယူမှုတွေမပါဘဲ ပေးဆပ်ခဲ့တဲ့အကြိမ်ကြိမ်တွေအတွက်

ငါနောင်တမရခဲ့ဘူး…..။

ငါ့ရဲ့ တန်ဖိုးနားမလည်ဘဲ

အပေါ်ယံတွေနဲ့ ပျော်ရွှင်ခဲ့ တာတွေအတွက်

နင်နောင်တမရနဲ့…..။


အချစ်တစ်ခုကို အတည်ပြုပြီး

နင့်ကိုပဲရူးခဲ့တာတွေအတွက်

ငါနောင်တမရခဲ့ဘူး……။

တွယ်တာသမျှကို ဥပေက္ခာပြုရင်း

တစိမ်းဆန်ခဲ့တဲ့ နင့်သံယောဇဉ်တွေအတွက်

နင်နောင်တမရနဲ့……။


နင်စိတ်ပျက်အားငယ်တိုင်း

နင့်ဆီအရောက်လာပြီး…..

အားငယ်မှုတွေ ဖျောက်ဖျက်ပေးခဲ့တာတွေအတွက်

ငါနောင်တမရခဲ့ဘူး…….။

နင်ပျော်ရွှင်တဲ့ အခါတိုင်း

ငါ့ကို မေ့ထားခဲ့တာတွေအတွက်

နင် နောင်တမရနဲ့….။


တခြားသူနဲ့ နင်ပျော်မြူးနေချိန်တိုင်း

ကျခဲ့ရတဲ့ ငါ့မျက်ရည်တွေအတွက်

ငါနောင်တမရခဲ့ဘူး…..။

နင့်ဘေးမှာ ဘယ်သူမှမရှိတဲ့အခါ

ငါ့ရဲ့ ဂရုစိုက်မှုတွေကို နင်အလိုရှိခဲ့တာတွေအတွက်

နင်နောင်တမရနဲ့……။


နာကျည်းမှုတွေများခဲ့လို့

နင့်ကို မေ့ရက်သွားခဲ့တဲ့ ငါ့နှလုံးသားတစ်ခုအတွက်

ငါနောင်တမရခဲ့ဘူး…..။

ငါ့လောက်ချစ်နိုင်မယ့်သူ နင်ရှာဖွေရင်း…..

ဘယ်တော့မှ……..

နင်နောင်တမရနဲ့……..။         

In: ကဗျာ Posted By: Date: Sep 29, 2010
Comment #1

ကဗျာလေးကိုကြိုက်တယ်ဗျာ။
စိတ်လည်းမကောင်းဘူး။
ကဗျာကိုရေးနေရင်းနဲ့ ကဗျာဆရာငိုနေတယ်လို့ခံစားရတယ်။
အနည်းဆုံးတော့ နာကျင်မှုတွေနဲ့နှုတ်ခမ်းကိုက်ထားမှာပဲနော်။

commentinfo By: waiyan at Sep 29, 2010
Comment #2

ကဗျာရေးနေရင်းနဲ့တော့ ရွှဲရွှဲ စိုအောင် မငို မိဘူး….
မျက်ရည်ဝဲတာကိုပဲ သုတ်ခဲ့တာပါ
နာကျင်မှုနဲ့ နှုတ်ခမ်းကိုက်ထားမိတယ် ဆိုတာတော့ အရမ်းမှန်ပါတယ်….။

commentinfo By: ကေသရီ at Sep 29, 2010
Comment #3

Excellent!!!
Nice poem
I like it very much.
You may create more poem like this.

commentinfo By: Chaw Hsu at Sep 29, 2010
Comment #4

ငါ့လောက်ချစ်နိုင်မယ့်သူ နင်ရှာဖွေရင်း…..

ဘယ်တော့မှ……..

နင်နောင်တမရနဲ့……

ae d nar ko phat ya tar ta kal might tal… i yae chit tu ka htwet twar kae tal
d poem ko phat ya tar ta gal ko myat yay wal ya tal…………………. 🙁

commentinfo By: aye thaw thaw at Sep 29, 2010
Comment #5

စာသားတွေက ၀မ်းနည်းစ၇ာတွေ မျက်၇ည်ကျစ၇ာတွေနဲ့ဆိုပေမဲ့ ဒီကဗျာ ထဲမှာ မိန်းမတစ်ယောက်ရဲ့ ၇ဲ၇င့်ပြတ်သားတဲ့ ဆုံးဖြတ်ချက် တွေပါတယ် လို့ ခံစား၇တယ်

commentinfo By: Flora White at Sep 29, 2010
Comment #6

ငါ့လောက်ချစ်နိုင်မယ့်သူနင်ရှာဖွေ၇င်း………..
ဘယ်တော့မှ………
နင်နောင်တမရနဲ့…………………

commentinfo By: moezat at Sep 29, 2010
Comment #7

ကေသရီရေးတဲ့ကဗျာလေးတွေ…အရမ်းကောင်းပါတယ်
တကယ်ကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #8

အရမ်းကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ…….

commentinfo By: fphyoe at Apr 3, 2011
Comment #9

နာကျည်းမှုတွေများခဲ့လို့
နင့်ကို မေ့ရက်သွားခဲ့တဲ့ ငါ့နှလုံးသားတစ်ခုအတွက်
ငါနောင်တမရခဲ့ဘူး…..။
ငါ့လောက်ချစ်နိုင်မယ့်သူ နင်ရှာဖွေရင်း….
ဘယ်တော့မှ……..
နင်နောင်တမရနဲ့……..။ ။
အရမ်းပြတ်သားနိုင်တယ်ဆိုတာ ဒီကဗျာနဲ့ သက်သေပြလိုက်တာပဲ……
ပီပြင်နေပါတယ်…..သိထားတဲ့ ကေသရီ့ ရဲ့စိတ်ထားလေးတွေ……..။

commentinfo By: Minmyat at Jun 2, 2011
Comment #10

ဘယ်စာသားကို comment ယူရေးရမှန်းမသိအောင်

တကယ်ကိုရွေးရခက်တယ် တပုဒ်လုံးကိုကူးလိုက်ရင်

အဆင်မပြေမှာစိုးလို့

အရမ်းကိုကြိုက်တယ်

commentinfo By: အနီရောင်နှင်း at Jun 2, 2011
Comment #11

စာသားတွေက တိုက်ဆိုင်လိုက်တာ ကေသရီရယ်
ကိုယ့်ဘေးမှာ လူတစ်ယောက်လာပြောနေသလိုပဲ
အရမ်းကောင်းတယ်……
တကယ်လည်းနောင်တရတတ်တဲ့လူဆို ရသင့်နေပါပြီ!!!!!!!!!!!

commentinfo By: Teardrop at Jun 22, 2011
Comment #12

100% right.i agree with u.

commentinfo By: ei lay at Jun 22, 2011
Comment #13

ုkk
နာကျည်းမှုတွေများလို့ နင့်ကိုမေ့ရက်သွားတဲ့ငါ့နှလုံးသားအတွက်
ငါနောင်တမရဘူး..။ငါ့လောက်ချစ်နိုင်မယ့်လူရှာရင်း
ဘယ်တော့မှနင်နောင်တမရပါနဲ့
*အရမ်းပဲတိုက်ဆိုင်သွားတယ်ဗျာ..။မေ့ထားတာတွေ ပြန်သတိရသွားတယ်..။
လေးစားပါတယ်ဗျာ..။

commentinfo By: Zinmin at Aug 25, 2011
Comment #14

ကေ့ကဗျာလေးကို အားပေးတဲ့ သူငယ်ချင်းတွေအားလုံးကို
တကယ် အရမ်း ကျေးဇူးပါ…

commentinfo By: ကေသရီ at Dec 24, 2011
Comment #15

naung ta ma ya chin par bu.

commentinfo By: ei lay at Dec 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment