Professional Authors

ဘ၀ရဲ့အဓိပ္ပာယ် – နရီထက်

အမေက မွေး
အဖေက ကျွေး
ကမ္ဘာကြီးကပခုံး ပင့်
လိုချင်တာရှိ ငိုမိ
ချစ်စရာတွေက အရုပ်တွေ
ကလေးဘ၀က အရိပ်တွေ. . .။

လူလားမြောက် လူမှုဘဝ
တာဝန်ရယ် သိ
ဝတ္တရားရယ် ရှိ
အောင်မြင်မှုက မခိုးတရို့
ကျရှုံးခြင်းက အလီလီ
ဝီရိယနည်းရင် ကံကိုတာ ပုံချမိ. . .။

ခါးသီးမှုနှင့် ရိုက်ချက်တွေက
တစီတရီ. . .
ဘ၀အသိမှာ ခါးခါးနေတော့
ငါ့မှန်နေတဲ့အခါ မှားသလိုလို
ငါ့ဖြူနေတဲ့အခါ မည်းနေသလိုလို
ငါကိုယ်တိုင်က တော်ချင်နေခဲ့တာကိုး. . .။

လဲကျနေတာ ဆွဲထူဖို့
ဘ၀အဖော်ရယ် မသိ
လျှောက်နေတာက တစ်ယောက်တည်း
နင်ဖြစ်နင်ခံ ဆိုရိုးစကားက
ရိုက်သွင်းခဲ့သလား. . .
ပတ်ချာလည် ပြေးကြည့်မိတော့
နောက်ကျောက ဓါးနှင့်ထိုးမယ့်သူက အများကြီး
အရှေ့မှာ အပြုံးတွေနှင့် ဆီကြိုမယ့်သူက တစ်ပုံကြီး
အလိုက်သင့်စွာနှင့် ငါလည်း ပြန်ပြုံးတတ်ခဲ့ပြီး…။

လိုချင်တာတွေ မဖြစ်သေးခင်
ဖြစ်နေတာတွေ လက်ခံလိုက်ရချိန်မို့
ကံကိုသာ ပုံချမိတယ်. . .
ထင်သလို မဖြစ်တဲ့အချိန်
တွေးစ၇ာလည်း ထပ်မလိုဘူး ထင်တယ်. . .။    ။

နရီထက်
( ၁၀ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment