Professional Authors

ဘ၀ရဲ့လမ်း

ဘ၀က—
တခါတလေ နိမ့်လိုက်မြင့်လိုက်
ဘ၀က—-
တခါတလေ အေးလိုက်ပူလိုက်
ဘ၀က—
တခါတလေ ရောသမမွှေ ပြဇာတ်တစ်ပုဒ်
ပြောင်းလဲတတ်တဲ့—
ကံကြမ္မာ နောက်ခံထားတဲ့
တို့ဘ၀တွေက
အနာဂတ်မှာ မှုန်ဝါးလွန်းတယ် ။
မစဉ်းစားချင်ပေမယ့်—
အတွေးတွေက ပြေးပြေးလာတယ် ။
ဒဏ်ရာတွေက နက်နက်လာတယ် ။
ကိုယ့်လမ်းကို ကိုယ်ဖောက်ပြီး
လျှောက်ရမယ့် ခရီးကလည်း
ရှည်လျားလွန်းတယ် ။
ဘာဘဲဖြစ်ဖြစ်—
ပန်းတိုင်ရောက်ဖို့-
ခရီးကြမ်းလည်း
တခါတလေ—
အိမ်ကို တမ်းတလိုက်
တခါတလေ—
ချစ်သူကို လွမ်းလိုက်နဲ့
တကိုယ်တော် ရွက်လွင့်နေဆဲ ။ ။

In: ကဗျာ Posted By: Date: May 28, 2010
Comment #1

yonlay ရေ ကဗျာလေးက တော်တော်ထိတယ်ဗျာ
copy လုပ်သွားပြီဗျာ ကျေူးဇူးပဲ yonlay ရေ

commentinfo By: nayminnthway at Aug 10, 2010
Comment #2

ဘာဘဲဖြစ်ဖြစ်—
ပန်းတိုင်ရောက်ဖို့-
ခရီးကြမ်းလည်း
တခါတလေ—
အိမ်ကို တမ်းတလိုက်
တခါတလေ—
ချစ်သူကို လွမ်းလိုက်နဲ့
တကိုယ်တော် ရွက်လွင့်နေဆဲ ။ လူဆိုးလည်းတူတူပဲဗျာ .. အဝေးရောက်နေရတော့ပိုဆိုးတယ် .. 🙁

commentinfo By: chityellusoelay at Aug 20, 2011
Comment #3

lu soe ka le naw,,,
hint,,,
kyone dar ne kywar dot dar pe.
poem ta law ka lone ti par de,
kha na kha na so ne ne lay dot a myin kat chin lar p naw.

commentinfo By: ei lay at Aug 21, 2011
Comment #4

မှန်တယ်ဗျာ ဘဝဆိုတာ တစ်ခါတစ်လေ ဒီကဗျာထဲကလိုဘဲ မစဉ်းစားချင်တာတွေ စဉ်းစားရ ၊ ဒဏ်ရာတွေဆေးထည့်ရနဲ့ တကယ်ကိုမလွယ်တဲ့ ခရီးရှည်ကြီးပါဘဲ ဒါပေမယ့် ကျွန်တော်တို့တွေ လူဆိုတာဖြစ်လာမှတော့ ဒီလောက်အခက်အခဲကို ရင်ဆိုင်နိုင်ရမှာပေါ့ဗျာ
ကဗျာက စကားလုံးတွေထိမိတယ် နောက် ကဗျာရေးတဲ့သူမှာ အတွေးအခေါ်ကောင်းတွေရှိတယ်လို့ မြင်တယ် ။

commentinfo By: X - ray at Jan 13, 2012
Comment #5

huh,,,,,,,,,,
miss sooooooooo much

commentinfo By: ei lay at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment