မှတ်မိသည် – နရီထက်
သမိုင်းစာအုပ်ကြား
ခုနှစ်တွေပါရင် ငါကြောက်နေသည်
သို့သော် မင်းရဲ့မွေးသက္ကရာဇ်
ငါ မှတ်မိသေးသည်။
အရောင်တွေကြား
အဓိပွာယ်တွေဖော်ဆောင်ထားလည်း
ငါမသိပါ
သို့သော် မင်းကြိုက်တတ်တဲ့အရောင်
ငါ မှတ်မိသေးသည်။
နှုတ်ဖြေစာမေးပွဲ အတတနဲ့ငါ
မင်းမေးသမျှကို မလိမ်မညာ
ဖြေခဲ့ဖူးသည်
မင်းကို ချစ်သည်
ငါ မှတ်မိသည်
ချစ်ရက်တွေ တစ်နှစ်ပြည့်နေ့
ဆယ်တန်းခုံပါတ်မေ့နေခဲ့တဲ့ငါ
ဒီနေ့ အချစ်နဲ့ငါ
တစ်နှစ်ပြည့်အချစ်နေ့ဆိုတာ
ငါ နှလုံးသားက
မင်းကို မှတ်မိနေသည်။ ။
နရီထက်
( ၂၅ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )
Leave Comments
Email me whenever there is new comment
Copyright © 2012 PoemsCorner. All rights reserved. Terms of Service




11611 masterpieces
34812 comments
3729 members
974 pc authors