Professional Authors

ဆူး

ဆူး… စူးခဲ့ပြီ
ဆူး… နစ်ဝင်ပြီ
နှုတ်ဖို့လည်း သင့်ရဲ့
နှုတ်ဖို့လည်း ခက်ရဲ့
ထားဖြစ်လျှင်လည်း
နစ်သထက်နစ်
နှုတ်ဖြစ်လျှင်လည်း
ဒဏ်ရာဖြစ်
တကယ်တော့
ဆူး… စူးခဲ့မိတာကိုက
ငါ့ရဲ့အပြစ်…

In: ကဗျာ Posted By: Date: Jun 23, 2010
Comment #1

မနောဖြူလေးရေ ဒီတစ်ပုဒ်လဲကြိုက်တယ် အရမ်းတော်တယ်နော် ကဗျာတွေရေးတာ ယူခွင့်ပြုပါဦးနော်အားပေးနေတယ်နော်

commentinfo By: su pyae at Jun 23, 2010
Comment #2

လာရောက်အားပေးတဲ့အတွက် စုပြည့်လေးကို ကျေးဇူးအထူးတင်ပါတယ်နော်။ ဆက်လက်ဝေဖန်ပေးပါဦး

commentinfo By: မနောဖြူလေး at Jun 23, 2010
Comment #3

ဆူး စူး ပြီးမှတော့
ထူးပြီးမခံစားတော့ပါဘူး
မင်းကြောင့်ဖြစ်တဲ့ဇာတ်လမ်း
မင်းနဲ့ပဲစခန်းသိမ်း
ပွဲငြိမ်းသွားအောင်
မထူးဇာတ်ခင်း
စူးတဲ့ဆူးကို
ဆူးနဲ့ဘဲထွင်းလိုက်ကြရအောင်။

Comment #4

ကြိုက်ပြီဗျာ
ကဗျာလေး ယူသွားတယ်။

commentinfo By: ပင်လယ် at Jun 24, 2010
Comment #5

ဒဏ်ရာကို ဒဏ်ရာနဲ့ပဲ ကုမယ်တဲ့လား

commentinfo By: poht at Jun 24, 2010
Comment #6

ကိုပေါက်ရေးတာကို ယူသွားတာ ထင်တယ်ဟုတ်တယ်မလား….

commentinfo By: မနောဖြူလေး at Jun 24, 2010
Comment #7

ဟုတ် ဆူးကဗျာလေးကိုပြောတာပါ။

commentinfo By: ပင်လယ် at Jun 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment