Professional Authors

သူငယ်ချင်း တစ်ခုခုတော့ ပြောခဲ့ပါ

သင့်ရဲ့စွမ်းဆောင်ရည်တွေ ဘယ်လောက်တိုးတက်မှုရှိလာပြီလဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ဘာတွေလုပ်ဆောင်နေသလဲ။
သင့်ရဲ့ လက်ရှိအခြေအနေက တော်တော်တိုးတက်မှုရှိနေပြီလား။
သင့်လို လုပ်နိုင်အောင် ဘယ်လိုတွေ ကျင့်ကြံ ကြိုးစားရမလဲ။
သင့်ရဲ့ ကြိုးစားတဲ့နည်းလမ်းတွေထဲက တစ်နည်းလောက်တော့ ပြောပြခဲ့ပါလား။
ဘာပဲဖြစ်ဖြစ် သင့်လို ကြိုးစားမှုရှိတဲ့လူမျိုးနဲ့ မိတ်ဆွေဖြစ်ရတာ
ဂုဏ်ယူဖွယ်ကောင်းပါတယ်။

In: ကဗျာ Posted By: Date: Jul 7, 2010
Comment #1

စွမ်းဆောင်ရည်တက်လာသလား တစ်ခါမှမစဉ်းစားမိဘူး။
မှားတာကတော့ အတော်များတာဘဲ။
လုပ်ဆောင်ချက်ဆိုတာထက် ဘာများခိုင်းမလဲစောင့်နေရတဲ့ဘ၀ပါ။
လက်ရှိအခြေအနေ မနက်စာစားပြီး ညစာပူစရာမလိုပေမဲ့
မနက်ဖြန်အတွက်စဉ်းစားမိတာနဲ့ သက်ပြင်းဘဲချနေရပါတယ်။
ကြိုးစားသလား မကြိုးစားဘူးလား ခိုင်းတာတွေပြီးအောင်မနည်းလုပ်နေရပါတယ်။
နည်းလမ်းလား ပြန်စဉ်းစားမိတာတော့ အဆူအဆဲနည်းနိုင်သမျှနည်းအောင်ပေါ့။
ကျနော်လားထမင်းနပ်မှန်ဘို့ ပထမ အဓိက လို့သတ်မှတ်ပါတယ်။

Comment #2

Nice !!!!!!!

commentinfo By: မင်းကိုကို at Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment