Professional Authors

ဒဏ်ရာမဲ့ .. အနာ

ကျတတ်လွန်းတဲ့ မျက်ရည်တွေလည်း
တန်ဖိုးတွေမဲ့လို့
လင်းညိုစိမ်းမြခွင့်မသာတဲ့
နေ့ရက်တွေနဲ့
ဘဝက အလဲလဲ အကွဲကွဲ။
ယုံခဲ့တယ် 
လက်လှမ်းခဲ့တယ်
ရင်ကိုခတ်တဲ့ ဓါးသွားလှလှတွေနဲ့
တလျံလျံ လူးလွင့်နေတဲ့ မီးတောက်ကိုမှ
ငါက တရှိုက်မက်မက် နမ်းခဲ့လေတယ်။
သူစေတဲ့ အချစ်တွေက
လူကို ခပ်ယဲ့ယဲ့ကျန်ခဲ့ပေမဲ့
သူ့လောက်ချစ်တာ သူပဲရှိတယ်လို့
စိတ်နဲ့ကိုယ် အလူးလဲ ပြန်ဆက်
ပါးစပ်က ပြောထွက်လာတဲ့အခါ
ကိုယ့်ကိုကိုယ်ပဲ ပြုံးပြမိတော့တယ်။ ။
In: ကဗျာ Posted By: Date: Jan 27, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment