Professional Authors

ယုံကြည်ပါကွယ် . . . .

နွေပုံပြင်တစ်ပုဒ်

ရင်ထဲမှာ ရှိခဲ့ဖူးတယ်

ခေါင်းအမြဲတမ်း မူးနေတတ်တဲ့ ငအ တစ်ယောက်ရယ်

အချစ်မတတ်တဲ့ ကလေးမ တစ်ယောက်ရယ်

နောက်ပြီး

ချောင်ကျတဲ့ စားပွဲတစ်လုံးမှာ

သုညက မတက်တဲ့ ရှင်သန်မှုတွေကြား

ချစ်လှစွာသော အစိမ်းရောင်များနဲ့

ကျွန်တော် လူပီသခဲ့တယ်လို့ ထင်တယ် . . . . ။  

 

ကျေနပ်နေခဲ့တာပါပဲ

စိတ်ချမ်းသာတယ်လို့လည်း ထင်တယ်

သေတတ်မှန်းသိရက်သားနဲ့

ဓားဖျားကို ရင်ဝထောက်မိသလို

နာကျင်ရတဲ့ အခါလည်း ရှိတယ် . . . .

မကောင်းမှန်းသိရက်နဲ့

သောက်ရတဲ့ဆေးလိပ်တစ်လိပ်လို

သူမက . . . .

တစ်သီးတစ်ခြားစွဲဆောင်နိုင်ခဲ့တယ် . . . . ။

 

ကျေနပ်ပါတယ် . . . .

အဖြူရောင်မြူနှင်းတွေကျခဲ့တုန်းက

ငါ သိပ်ချစ်တဲ့ ဆံနွယ်တွေအိပ်စက်ခဲ့တဲ့

ဘယ်ဘက်ပခုံးတစ်ဖက်မှာ

ကျီးပေါင်းပင် တစ်ပင် ပေါက်လို့

သူငယ်ချင်းထက် ပိုပြီး ရူးသွပ်တဲ့ငါ

ရင်ဘက်က ရှက်နေခဲ့တာ

နင် နားထောင်မယ်ဆို

ငါ ပြောပြချင်လိုက်တာ . . . . ။

 

အခုတော့ နင်ကြားနိုင်ပြီမလား . . . .

အိပ်မက်က လန့်နိုးလာသူတစ်ယောက်လို

ငါ မတွေဝေတော့ဘူး လေ

ပျော်ရွှင်ခြင်းဖြစ်လို့

ငါ . . ပျော်တယ်

စိတ်ချမ်းသာစရာ ဖြစ်လို့

ငါ . . ကြည်နူးတယ်

သစ္စာတရားကို ချစ်လို့

အချစ်က ငါ့သစ္စာကိုတည်စေတယ် . . . . ။

 

ယုံကြည်တဲ့လက်ကို

မသိစိတ်ရဲ့လက်က တွဲတယ်

အိုအောင်မင်းအောင်ပေါင်းရပါစေဆိုလို့

အိုမင်း အောင်နင်ဆွဲဆောင်တယ်

ဒါကြောင့်ပဲ . . . .

ငါကြောက်တယ် ချစ်သူရယ် . . . .

အဘိုးကြီးတစ်ယောက်ကို နင်မုန်းသွားမှာမို့ . . . . . ။

 

မိုးလည်းမိုးသည်း

နှင်းလည်း လွင်ပြင်ဖုံးလို့

တစ်ယောက်သောငါ့ကို နင်အရမ်းချစ်ပါကွယ်

ဘယ်လောက်ပဲ ရှည်ကြာပါစေ

နှစ်ဦးသားရယ်မောချိန်ဟာ ကုန်တာမြန်လို့

နင် နှမြောပေးပါကွယ်

ငါ့ဘက်ကို မကြည့်ဘဲ နင်ပြုမူမယ်ဆို

ဖြစ်တည်ခဲ့တဲ့ သံယောဇဉ်ရယ်

ဆောက်တည်ခဲ့တဲ့ သစ္စာရယ်

သူတို့ကိုတော့ ကြည့်ပါကွယ် . . . . ။

 

အဝေးမှာရယ် . . . .

နီညိုရောင်သန်းနေလို့

ဆည်းဆာချိန်ဆိုပြီး

နင်မကြည်နူးလိုက်ပါနဲ့

ဝမ်းနည်းတတ်တဲ့ စိတ်က

ဖန်ဆင်းထားလို့

အခက်အလက်ဝေတဲ့ အနာဂတ်အပေါ်

သူ့ မျက်ရည်တွေ ပြုတ်ကျသွားလိမ့်မယ် . . . . ။   


In: ကဗျာ Posted By: Date: Mar 8, 2011
Comment #1

မိုက်တယ်
ကြိုက်တယ်
အားပေးပါတယ်

commentinfo By: mgchannaye at Mar 8, 2011
Comment #2

မိုးလည်းမိုးသည်း

နှင်းလည်း လွင်ပြင်ဖုံးလို့

တစ်ယောက်သောငါ့ကို နင်အရမ်းချစ်ပါကွယ်

ဘယ်လောက်ပဲ ရှည်ကြာပါစေ

နှစ်ဦးသားရယ်မောချိန်ဟာ ကုန်တာမြန်လို့

နင် နှမြောပေးပါကွယ်

ငါ့ဘက်ကို မကြည့်ဘဲ နင်ပြုမူမယ်ဆို

ဖြစ်တည်ခဲ့တဲ့ သံယောဇဉ်ရယ်

ဆောက်တည်ခဲ့တဲ့ သစ္စာရယ်

သူတို့ကိုတော့ ကြည့်ပါကွယ် . . . . ။
အရမ်းကြိုက်တယ်… ကဗျာ ဆရာ နံမည်က ..အသစ်ဖြစ်နေပေမယ့်
ကဗျာအရေးအသားကတော့ ..တကယ် ခိုက်သွားတယ်

commentinfo By: အသဲကွဲမိုး at Mar 9, 2011
Comment #3

သစ္စာတရားကို ချစ်လို့

အချစ်က ငါ့သစ္စာကိုတည်စေတယ် . . . . ။
အားပေးနေမယ်ဗျာ… အေ၇းအသားတော်2ကောင်းတယ်

commentinfo By: genius.jinx28 at Mar 9, 2011
Comment #4

အရမ်း မိုက်တရ်ကွာ…..

commentinfo By: Yu Mon Htwe at Mar 15, 2011
Comment #5

rrrrrrrrr
a phoe g phyit twar le chit hmar pe.
a u g phyit twar le chit hmar pe.”ma yone yin u ki par lar'”
g tone g phyit le chit tar pe.
wa toat g phyit le chit hmar pe.
yaw gar shi yin le chit hmar pe.”AIDS”
tit sar shi de thu tway a twat be lo a kyaung ne hma lan kwe p htar ke hmar ma hote par bu,
these all are my vionsion & attitude.

commentinfo By: ei lay at May 10, 2012
Comment #6

100% sure.

commentinfo By: ei lay at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment