Professional Authors

**ဝေဒနာတွေ သိပ်ခါးတယ်… မေမေရယ်**

ဝေဒနာတွေ သိပ်ခါးတယ် မေမေရယ်
စေတနာတွေလို့ ထင်ခဲ့ပေမယ်
့ နှလုံးသားတစ်ခုလုံး
လောင်မြိုက်ကြေမွသွားတာပဲ
အဖတ်တင်ခဲ့တယ်……………………။

ရှုံးနိမ့်ခြင်းကွင်းပြင်တွေအပေါ်
ဖြတ်သန်းတိုက်ခတ်လာတဲ့လေတွေ….
ခု သမီးရဲ့ပစ္စုပ္ပန်မှာ
တိမ်တိုက်ဖွဲ့နေပြီထင်ပါရဲ့…….
ဒီလိုဆိုလည်း…….
မိုးအဖြစ်ရွာချလိုက်စေချင်တယ်
သမီးရဲ့ လွင်ပြင်ဟာ
မျိုသိပ်မှုတွေနဲ့ သိပ်ခြောက်သွေ့နေပြီလေ…….။

မကျေနပ်မှုတွေထဲက
ကောင်းကွက်တချို့ ဖွေရှာသုံးသပ်တော့
ဟန်ဆောင်မှုတွေ တ၀က်မက
ပါဝင်နေပြန်တယ်………………………….။

တကယ်ဆို
သမီး မပြုံးချင်တော့ဘူး …….
အတုအယောင်တွေထဲ နစ်မှန်းမသိ
နစ်ဝင် ကျင်လည်နေရတဲ့
သမီးကိုယ်သမီး မုန်းလွန်းနေတယ်……..။

ချစ်လျှက်နဲ့ မဲ့ပြခဲ့ရဖူးတယ် မေမေရယ်
နာကျည်းနေပါလျှက်နဲ့
လှလှပပရယ်ပြခဲ့ရဖူးတယ်……….
ဒါဟာ သမီးအတွက်
ရင့်ကျက်မှုလို့ မခေါ်ဆိုအပ်ပါဘူး………
အသည်းနာဖွယ်ကောင်းတဲ့
မာယာဆိုးဆိုးတွေပိုင်ဆိုင်ထားခြင်းပါ…………..။

လောကဒဏ်က ပေးတဲ့
အနာတရတွေနဲ့ ကာရံမရှိ….
ပြဇာတ်မသိတော့တဲ့ သူပါ မေမေ………။

မခံချင်စိတ်တွေရဲ့
လိုရာပုံသွင်းခြင်းကို
နာခံလွယ်ပြီးသည့်နောက်…..
ဘယ်ဘက်ရင်အုံက…..
ကိစ္စတချို့ကိုလည်း
ခေါက်ရိုးကျိုး အမှောင်ချထား ခဲ့တယ်…….။

အရှိန်အဟုန် ပြင်းထန်နေတဲ့
အတ္တတွေကြားထဲမှာ
သမီးရဲ့ ကိုယ်စိတ်နှစ်ပါးဟာ….
ကျောက်ရုပ်သာသာ အသက်ဝင်လှုပ်ရှားနေခြင်းပါ ……………။

ကလေးဘ၀က
ဒိုင်ယာရီတွေ ပြန်လည်ဖတ်တိုင်း
ငိုသံတွေ ပဲ့တင်ထပ်ရှိုက်မိခဲ့ပေမယ့်….
ဒိုင်ယာရီပိတ် မီးမှိတ်လိုက်တော့…
နဂိုအတိုင်း…..
ခံစားချက်တွေ အေးစက်သွားပြန်တယ်………….။

တကယ်ပါ
မေမေရယ် ကိုယ်ပြီးရင်
ကိုယ်သာရှိတဲ့ ရပ်တည်မှုထဲမှာ……
တခါ တခါ
ဝေဒနာတွေ သိပ်ကို ခါးသီးလွန်းတယ် မေမေ……………။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Aug 5, 2013
Comment #1

အရမ်းမိုက်တယ်…ကြိုက်လို ထပ်ပြီးအားပေးသွားပါတယ်ဗျို…:)

commentinfo By: tabound at Aug 5, 2013
Comment #2

တကယ်ပါ
မေမေရယ် ကိုယ်ပြီးရင်
ကိုယ်သာရှိတဲ့ ရပ်တည်မှုထဲမှာ……
တခါ တခါ
ဝေဒနာတွေ သိပ်ကို ခါးသီးလွန်းတယ်

commentinfo By: နွေ at Aug 6, 2013
Comment #3

အားပေးခဲ့တယ် ..အားပေးနေဆဲ..အားပေးနေဦးဗျ..

သိတဲ့အတိုင်းပဲ ..မကေ.. ကျုပ် ကြိုက်တယ်ဆိုတာ

commentinfo By: အသဲကွဲ မိုး at Aug 6, 2013
Comment #4

ကလေးဘ၀က
ဒိုင်ယာရီတွေ ပြန်လည်ဖတ်တိုင်း
ငိုသံတွေ ပဲ့တင်ထပ်ရှိုက်မိခဲ့ပေမယ့်….
ဒိုင်ယာရီပိတ် မီးမှိတ်လိုက်တော့…
နဂိုအတိုင်း…..
ခံစားချက်တွေ အေးစက်သွားပြန်တယ်………….။

တကယ်ပါ
မေမေရယ် ကိုယ်ပြီးရင်
ကိုယ်သာရှိတဲ့ ရပ်တည်မှုထဲမှာ……
တခါ တခါ
ဝေဒနာတွေ သိပ်ကို ခါးသီးလွန်းတယ် မေမေ……………။

commentinfo By: ko ye' at Aug 7, 2013
Comment #5

မကေ အားပေးသွားတယ်

commentinfo By: မေပျို at Aug 9, 2013
Comment #6

မိုက်တယ်အမနာမည်ကကလက်နေတယ်
အမကကျောင်းတက်နေတုန်းလား
အားပေးလျက်

commentinfo By: nayzaw at Aug 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment