Professional Authors

အငြိုးကြီးတဲ့ မုတ်သုန်မိုး

ခုတစ်လော မုတ်သုန်ဟာ
စုန်း၊သရဲတွေလို တ၀ုန်းဝုန်း
ခုတစ်လော မုတ်သုန်ဟာ
သွေးစာနေတဲ့မှင်စာလို ပင်လယ်ကိုကိုင်မှောက်
ခုတစ်လော မုတ်သုန်ဟာ
ဘီလူးသရဲဖမ်းတဲ့ လေနီကြမ်းတွေနဲ့
ခုတစ်လော မုတ်သုန်ဟာ
သွေးစုပ်ဖုတ်ကောင်လို အနီရောင်ပါးစပ်နဲ့
ခုတစ်လော မုတ်သုန်ဟာ
မိစ တစ်ကောင်လို သွေးညှီနံ့တစ်ထောင်းထောင်း
ခုတစ်လော မုတ်သုန်ဟာ
နေရာမရွေး အချိန်အခါမရွေး
လမ်းမရွေး ကမ်းမရွေး လိပ်စာကဒ်ပြားမပါ
ချောက်ချားစရာ
ခုတစ်လော မုတ်သုန်ဟာ
ကယ်ပါကူပါတွေ ပွက်ပွက်ဆူနေတဲ့
ကျိန်စာ


ခုတစ်လော မုတ်သုန်ဟာ
.. . .. . .. . .. . .. . .. .

In: ကဗျာ Posted By: Date: Jul 31, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment