Professional Authors

ပျောက်သွားတဲ့လူ (Number1Princess)

တကယ်တမ်းတော့
ငါဟာ လူညာလေးတစ်ယောက်ပါကွယ်။

ငါ့ကိုယ်ငါညာတယ်
ငါ့ကိုချစ်တဲ့လူတွေကိုညာတယ်။
နောက်ဆုံး…
ငါကိုယ်တိုင်ပါ ပျောက်ဆုံးတော့တာပါပဲ။

ချိုးနှိမ်ခံရတာများလွန်းတော့
နှလုံးသားက အရေထူနေလိုက်ပုံများ
တစ်ခါတစ်ခါ…
ဝမ်းနည်းကြေကွဲရမှာ မေ့
ငါ့မှာ… ငိုလို့ငိုရကောင်းမှန်းတောင်မသိဘူး။

အပေါ်ယံ အခွံမာအောက်က
ပြိုလဲပျက်ဆီးနေတဲ့ ငါ့စိတ်ဝိညာဉ်မှာတော့
လေလွင့်သွားတဲ့ အိပ်မက်တွေက ၂ဆ
ချိုးဖောက်မိတဲ့ လူ့ကျင့်ဝတ် ၁ဆ
ဆက်ရန်မရှိတဲ့ ခင်မင်မှုတွေက ၁ဆ
အချိုးကျကျ နေရာယူထားလေရဲ့။

ဒီမှာ…ဒီမှာ…
အပန်းမကြီးဘူးဆို
ငါ့ကို အရူးအမူးရင်ခုန်လာအောင်
ပြုစားပေးပါလားကွယ်။

အသဲကွဲကာမှ ကွဲစေရော့
တစ်ခါလောက်တော့ လူသားပြန်ဆန်ကြည့်ချင်သေးတယ်။

July 16th 2010
3:35 am

In: ကဗျာ Posted By: Date: Aug 19, 2010
Comment #1

ကဗျာလေးကောင်းတယ်………..
အသဲကွဲကာမှသာ ကွဲစေရော့………..။။။

commentinfo By: အမရာ at Aug 19, 2010
Comment #2

ကိုယ်ပိုင် ခံစားချက်လေလား ထင်မိတယ်..ကိုယ်ချင်းစာမိတယ်
နာကျင်ခြင်းများ၇ဲ့ အဝေး ကို့ ကို ချစ်ခင်တဲ့ အ၀န်းအ၀ိုင်းလေးနဲ့ ပျော်မွေ့ 
နေ့ သစ် ၇ဲ့ အလှတွေ ခံစားပျော်၇ွှင် ဒဏ်၇ာတွေ ကင်းစင် လို့ အချစ်ဆုံးကို အသန့် စင်ဆုံး ပြုံးပြလိုက်ချင်

commentinfo By: သော်တာ at Aug 20, 2010
Comment #3

ဟုတ်တယ် တကယ်တော့ လူဆိုတာ လူသားဆန်တာပဲကောင်းတာ..
နောက်တစ်ခုကောင်းတာရှိသေးတယ်…
…………….
…..
..
.
အခုကဗျာလေး လေ (:

commentinfo By: ဖြိုးဖြိုး at Aug 20, 2010
Comment #4

အရမ်းကောင်းပါတယ်
ဆက်ကြိုးစားပါနော်

commentinfo By: ကြယ်စင် at Sep 18, 2010
Comment #5

ကောင်းလိုက်တဲ့ကဗျာလေးဗျာ

commentinfo By: အသဲကွဲမိုး at Apr 6, 2012
Comment #6

mike de,,

commentinfo By: ei lay at Apr 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment