Professional Authors

အဖြူစင်ဆုံး

စကားတွေ အများကြီးမပြောချင်လို့ ရှောင်နေတာကို
အတယ် တော့ မထင်လိုက်နဲ့……….

အငြိုးအတေးမထားချင်လို့ အပျော်သဘောဆောင်လိုက်တာကို
အမှတ်မရှိဘူး တော့ မထင်လိုက်နဲ့………

ဒဏ်ရာတွေမပေးချင်လို့ ဆူးခက်တွေမထုတ်တာကို
အဆိပ်မရှိဘူး တော့ မထင်လိုက်နဲ့….

အမုန်းမပွားချင်လို့ မသိချင်ယောင်ဆောင်လိုက်တာကို
ဘာမှ မသိဘူး တော့ မထင်လိုက်နဲ့……

အရိုးသားဆုံးနေလိုက်တာကို
နုံတယ် တော့ မထင်လိုက်နဲ့……………

ဘ၀ဆိုတာ…တိုတိုလေးပါ
ဘာကြောင့်များ…အကွေ့အကောက်တွေနဲ့
ရှင်သန်နေကြမှာလဲ….
(အဖြူစင်ဆုံး…ဖြောင့်စင်းလိုက်ကြရင်…ဘယ်လောက်ကောင်းလိုက်မလဲ)

In: ကဗျာ Posted By: Date: Jul 30, 2013
Comment #1

Oh!~ I like…so much!~
^_^

commentinfo By: Eddy at Aug 1, 2013
Comment #2

ကျွန်တော်တို့ရိုးသားလိုက်ကြရအောင်…^_^

commentinfo By: werewolf at Aug 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment