Professional Authors

ပန်းချီကားထဲက ဓါးနဲ့ ဒီ ကဗျာကို ဆွဲတယ် …………………. ချီရွန် ( ပုလဲ )

 ” ပန်းချီကားထဲက ဓါးနဲ့ ဒီ ကဗျာကို ဆွဲတယ်

 

တိမ်လွှာကိုခွဲထွက်လာတဲ့ နေခြည်နုနုချွန်ချွန်လေးလိုပေါ့

ကျရာနေရာမှာ … ပြည့်အောင်တော့ တတ်နိုင်သမျှ ဝိုင်းထားတယ်

အဖြောင့်ချည်းပဲ မတွေးစမ်းပါနဲ့ ကျုပ်က လူရိုင်းတစ်ကောင်ပါ

ဝူးဝူးဝါးဝါး ထစ်ချုန်းပြီးလည်း ရွာချင်မှရွာတယ်

 

မာယာတွေ ရေမီးအစုံနဲ့ ခင်းကျင်းထားသလား ကုလားအုတ်ငယ်

မီးမညှိဖြစ်ခင်က ရှပ်အင်္ကျီအဖြူစွတ်စွတ်နဲ့ ကောင်မလေးပါပဲ

အငွေ့ပျံသွားမှ ပြာကို လိုချင်နေလည်း ငါ ခပ်ရဲရဲပဲ လမ်းခွဲပါ့မယ်

ဘဝဆိုတာ မင်းထင်နေသလို တိုက်ပွဲချည်း မဟုတ်ဘူး

 

ရင့်ရော်နေတဲ့ ကနွဲ့ကလျကြီးပါလား

ရေခဲရိုက်စွပ်ပြုတ်တစ်ခွက်လိုပေါ့ ( ခပ်ညံ့ညံ့ )

တခါတခါ

စိတ်ရဲ့ အစွယ်တွေကို ညှပ်ဖို့ စိတ်စွယ်ညှပ်ဆိုတာလည်း တီထွင်ချင်ရဲ့

 

သဲတွေ ဖွားခနဲ လွင့်စင်သွားစေတဲ့  အနုပညာ

တစိမ့်စိမ့် စီးဆင်းကြည့်တော့ ဝဲကို ကျွဲလို့ ဖတ်လိုက်ကြ

ဒါပါပဲ … တစ်ယောက်တည်း … နောက်လူတွေ မြင်ကောင်းအောင် ထိုင်ကြ

လမ်းဘေးမှာ ယပ်တောင် တစ်ချောင်းပန်…လို့

ပုထုစဉ်နော ကိုပဲ ရက်ပ်သီချင်းလို ရွတ်နေမိတော့တယ်

 

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jun 16, 2013
Comment #1

ဟာ လုပ်ချလိုက်ပြန်ပြိး ငါ့အမတစ်ယောက်ကတော့
တကယ်ကောင်းတယ် အမ အားပေးသ

commentinfo By: poem.poem28 at Jun 16, 2013
Comment #2

တိန် … သေစမ်း … ငချီ … ကျုပ်သည် ယောက်ျားစင်စစ် ဧကန် ဖြစ်ပါသည်။ မတွေ့တာ ကြာလို့ပဲ မေ့သွားသလား။ ဘဝတော့ ပြောင်းမပေးလိုက်ပါနဲ့ဗျာ။

commentinfo By: chiron at Jun 16, 2013
Comment #3

ဟဲဟဲမှားသွားတယ်အကိုဟဲဟဲsorryလူရင်းကြီးမို့လို့မှားသွားတယ်

commentinfo By: poem.poem28 at Jun 17, 2013
Comment #4

Share ပြီ ဗျာ….။

commentinfo By: zawthetoo at Jun 17, 2013
Comment #5

ဟုတ်ကဲ့ ကိုဇော်သက်ဦး .. share လို့ ရပါတယ်။

commentinfo By: ChIr0N at Jun 18, 2013
Comment #6

ကို ချီရွန်ရေ နောက်နေတာလားဗျာာာာ။ ကျွန်တော် အကို့ထက်ငယ်တာသိသားနဲ့ ဘယ့်နှယ့် ကိုတပ်လိုက်ရတာတုန်းဗျာာ။ ဟီးးး မတွေ့တာကြာလို့မေ့ပြီထင်ပ။

commentinfo By: ဇော်သက်ဦးး at Jun 18, 2013
Comment #7

အဖြောင့်ချည်းပဲ မတွေးစမ်းပါနဲ့ ကျုပ်က လူရိုင်းတစ်ကောင်ပါ

ဝူးဝူးဝါးဝါး ထစ်ချုန်းပြီးလည်း ရွာချင်မှရွာတယ်

မာယာတွေ ရေမီးအစုံနဲ့ ခင်းကျင်းထားသလား ကုလားအုတ်ငယ်

မီးမညှိဖြစ်ခင်က ရှပ်အင်္ကျီအဖြူစွတ်စွတ်နဲ့ ကောင်မလေးပါပဲ

အငွေ့ပျံသွားမှ ပြာကို လိုချင်နေလည်း ငါ ခပ်ရဲရဲပဲ လမ်းခွဲပါ့မယ်

သပ်ရပ်ပုံများ…ဗျာ… 😀

commentinfo By: 13th at Jun 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment