Professional Authors

၃၂လမ်း၊၇၄လမ်းထောင့်တွင် WY များ စီရရီ

အသက်မရှုဘဲ သတ္တုကြိုးပေါ်တင်ပေးလိုက်တယ် ပန်းရောင် ၊ ခပ်ရှရှဖြစ်ခြင်းဟာ ငါ့ပရောဂ ၊ ဟိုဝေ့ဒီဝိုက်က ရေသန့်ဗူးထဲ ဘာမှမရှိ။

ရှိရင်လဲ အရှိမဲ့။ နင်ဟာ ကိုက်လန်ကြော်ကလေးပေါ့။

WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများအား ဖြန့်ကျက်နေလှန်းခြင်းသတင်းမှာ

နင့်စကားကို ကျယ်ကျယ်ပြောပါ၊ ဂွတီးဂွကျ တစ်ဆုပ်ဝါး ။

ဘာကောင်းသလဲမမေးနဲ့၊ အတွေးတွေ ဖျာပေါ်က လိမ့်ကျတယ်။

ယိုးဒယားအက်ဆစ်အကောင်းစားတစ်ဘူးနဲ့ ငါ့နဖူးကိုဖွဖွလေးပုတ်လို့ ခေါင်းပေါ်က လောင်းချစမ်း။

ကြည့်ပြီးတော့ နာရီမပတ်ရဲဘူး။ နင်ဟာ Stainless Steel အိမ်သာသုံးစက္ကူကလေး….

ရှိုးတိုးရှန့်တန့်နဲ့ ကန်ထုတ်လိုက်မယ်။

ငါ့ငုတ်တွေ လွတ်နေသလား ပြန်စစ်ပေးပါ ပန်းရောင်

ပလိစ် ဖလိဇ် Fလိစ်ျ။

ပြတင်းပေါက်ဖွင့်ရင် ဘယ်လက်နဲ့ တွန်းဖွင့်ရတယ်၊ ဒါမှ ညာလက်က ကာကွယ်နိုင်မယ်လေ။

ထားပါ..ဒါဟာ သမာရိုးကျ နာဖျားနေတဲ့ ပုစွန်တစ်ကောင်ပဲ ဥစ္စာ…၊ ကြွသွပ်ရူးစိတ် WY စာတန်းတော့ ပါပါစေ ဆိုပါတော့။

နင်ဘာလို့ ခဏခဏရယ်နေတာလဲ။ တစ်ညလုံးကုန်တော့မယ် ။

ငါ အားကုန်တော့မယ် ။

ကျွန်တော့်အား ကုန်တော့မယ် ခင်ဗျ ။

ကျုပ် အားကုန်တော့မယ် ဟ ။

တော်ပီ .. မနက်ကျောင်းသွားရမယ်မလားလို့ WY စာတန်း ။

ဓာတ်ကြိုးအပြာ၊ ခို ၊ ခေါင်းအုံးဖုံး ၊ အထိမခံ ဖန်ခွက် ၊ Lily Collins က ခွက်ထိုးခွက်လန် …..

နင်က ငါ့ကို မသိဘူး …ထမင်းကျန်ဟင်းကျန်လေးများ ပေးသိမ်းထားပါ … စခန်းမှူးက ငါ့ကို သိတယ်။

သတ္တုကြိုးပေါ်မှာ ဒီလောက်စိတ်ဝင်စားစရာတွေရှိတာ တစ်သက်နဲ့ တစ်ကိုယ် ၊ ဒီတစ်ခါပဲ ။ ….. နေဦး ။

တစ်ဖက်ပြောင်းမယ် နားပူတယ် ၊ ၀ရန်တာသံတိုင်မှာ ဘတ်စ်ကားတွေ ရပ်နေပြီ ။

တော်သင့်ပြီလာူး ဟင် … တော်သင့်ပြီလား ။ ငါ ငယ်ငယ်က ဘောင်းဘီတိုကလေးကို လွမ်းလို့ ငိုတယ်။

စိတ်ကြွရူးသွပ် WY စာတန်းပါ ” အဟက် အဟက် အဟက် ” ( ချောင်းခြောက်ဟန့်ခြင်း ) နဲ့

6/8 Beating လေး ပေး ပါ … ။ Riff တစ်ခုကို ၄ဘားလောက်ချမယ် ။

နားတွေ mute တော့ WY ။

ကိုအယ်ဖြူလိုလို၊ ကိုငှက်လိုလိုနဲ့ မေမေ့ကို ချစ်ကြောင်းပြချင်သေးရဲ့ ။

ဓာတ်ပုံထဲမှာ အိပ်မောကျ/အိပ်မက်ယောင် ပန်းရောင်

န န နေတာတွေ ကျကျနနထည့်တယ်၊ ညာဘက်အောက်ဆုံးခလုတ်ကို သွားမနှိပ်နဲ့နော်။

ရူးရူးကြွကြွမူး .. အဲ့ဒါဟာ တောင်လေတိုက်စေတဲ့

ဗီ ဇ ။ ။

 

—————————————— —————————ဟိန်း(29.7.12)

In: ကဗျာ Posted By: Date: Oct 18, 2012
Comment #1

ငါ့ငုတ်တွေ လွတ်နေသလား ပြန်စစ်ပေးပါ ပန်းရောင်
ပြတင်းပေါက်ဖွင့်ရင် ဘယ်လက်နဲ့ တွန်းဖွင့်ရတယ်၊ ဒါမှ ညာလက်က ကာကွယ်နိုင်မယ်လေ။
နင်ဘာလို့ ခဏခဏရယ်နေတာလဲ။ တစ်ညလုံးကုန်တော့မယ် ။
ငါ အားကုန်တော့မယ်

ကိုအယ်ဖြူလိုလို၊ ကိုငှက်လိုလိုနဲ့ မေမေ့ကို ချစ်ကြောင်းပြချင်သေးရဲ့ ။
ဓာတ်ပုံထဲမှာ အိပ်မောကျ/အိပ်မက်ယောင် ပန်းရောင်
န န နေတာတွေ ကျကျနနထည့်တယ်၊ ညာဘက်အောက်ဆုံးခလုတ်ကို သွားမနှိပ်နဲ့နော်။
ရူးရူးကြွကြွမူး .. အဲ့ဒါဟာ တောင်လေတိုက်စေတဲ့
ဗီ ဇ ။ ။

commentinfo By: oo.CoBrA at Oct 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment