Professional Authors

ခေါက်ရိုးလွဲနေတဲ့ ကဗျာ !

ဆုံခဲ့ဖူးတဲ့ ဖူးစား နဲ့ လွဲချော်ခဲ့တဲ့ ရေစက်မှာ
ငါ … အခါခါ သေဆုံးခဲ့နေတယ်
တမိုးအောက်မှာ ၂ ယောက်အတူနေပေမယ့်
ဝေးကွာခြား တံတိုင်းနဲ့ခြားနားထားပြီး ဖြစ်နေပြန်တယ်လေ။

ထပ်တူမကျနိုင်(တော့)တဲ့ ဘဝမှာ
ပေါင်းစပ်ခွင့်အတွက် ငါ အယူခံဝင်မိနေပြန်သေးတယ်
ဒါပေမယ့်လည်း ……
မဖြစ်သင့်တော့တဲ့ ဘဝ ၂ ခုမှာ
မေ့ပစ်လိုက်ခြင်း ကို ငါ အသုံးပြုလိုက်သလို
နင်လည်း ငါ့ကို မေ့ပစ်လိုက်ပါတော့ …….

တိုတောင်းလှတဲ့ ဘဝလေးမှာ
တွေ့ .. ဆုံ .. ကြုံ .. ကွဲ
ဒီ ၄-မျိုးဟာ ကြုံရမှာမို့
ငါ … ဖြစ်ပျက်သမျှ အစမှ အဆုံး
အရာအားလုံးကို နားလည်ပေးလိုက်ပါတယ် ။

နင် လည်း နင်ပျော်အောင် နေပါ
*ဆုံ* ဖူးလို့သာ *ကွဲ* ခဲ့ရတာမို့
*ဖြစ်* ဖူးလို့သာ *ပျက်* ခဲ့ရတာပါ
*ငါတို့* လည်း ဝေးသွားခဲ့ကြပေမယ့်
ချစ်ခဲ့ဖူး ကြပါတယ်။

တိုက်ဆိုင်မှူ ရှိလို့တောင်
ငါ့ကို သတိမရလိုက်ပါနဲ့
ငါလည်း နင့်ကို မျက်နှာချင်းဆိုင် တွေ့မိခဲ့လျင်တောင်
့ခြေလှမ်းတို့ကို  ရှေ့သို့သာ ဆက်လျှောက်သွားမှာမို့ပါ။

နင်ဟာ ……….
*အရင်းနှီးရဆုံးသော သူစိမ်းဖြစ်သွားသူမို့ပါ။*

(၂-၈-၂ဝ၁၁)

In: ကဗျာ Posted By: Date: Aug 2, 2011
Comment #1

အားပေးလျက်ပါ…..။

Comment #2

တိုက်ဆိုင်မှူ ရှိလို့တောင်
ငါ့ကို သတိမရလိုက်ပါနဲ့
ငါလည်း နင့်ကို မျက်နှာချင်းဆိုင် တွေ့မိခဲ့လျင်တောင်
့ခြေလှမ်းတို့ကို ရှေ့သို့သာ ဆက်လျှောက်သွားမှာမို့ပါ။

နင်ဟာ ……….
*အရင်းနှီးရဆုံးသော သူစိမ်းဖြစ်သွားသူမို့ပါ။*

commentinfo By: Flora White at Aug 2, 2011
Comment #3

ဆုံ* ဖူးလို့သာ *ကွဲ* ခဲ့ရတာမို့
*ဖြစ်* ဖူးလို့သာ *ပျက်* ခဲ့ရတာပါ
*ငါတို့* လည်း ဝေးသွားခဲ့ကြပေမယ့်
ချစ်ခဲ့ဖူး ကြပါတယ်။

commentinfo By: May Kha at Aug 2, 2011
Comment #4

နင် လည်း နင်ပျော်အောင် နေပါ
*ဆုံ* ဖူးလို့သာ *ကွဲ* ခဲ့ရတာမို့
*ဖြစ်* ဖူးလို့သာ *ပျက်* ခဲ့ရတာပါ
*ငါတို့* လည်း ဝေးသွားခဲ့ကြပေမယ့်
ချစ်ခဲ့ဖူး ကြပါတယ်။

တိုက်ဆိုင်မှူ ရှိလို့တောင်
ငါ့ကို သတိမရလိုက်ပါနဲ့
အရမ်းကောင်းတဲ့ကဗျာလေးပါ
အားပေးသွားပါတယ်။မပန်းအိ

commentinfo By: poem.poem28 at Aug 2, 2011
Comment #5

အားပေးသွားပါတယ်ဗျ…..

commentinfo By: moehtetaung18 at Aug 2, 2011
Comment #6

ဝင်ရောက်ခံစား သွားပါသည်

Comment #7

hin,,,,
i disagree,
no way to neglect.
ever,,,forever,

he,,he,,

like to read ur nice poem.

commentinfo By: ei lay at Aug 3, 2011
Comment #8

အားလုံးကို ကျေးဇူးတင်ပါတယ်၇ှင်။ 🙂

commentinfo By: pannei at Aug 3, 2011
Comment #9

အရမ်းကြိုက်တယ်။

commentinfo By: vivi at Aug 14, 2011
Comment #10

မပန်းအိရေ…
ကဗျာလေးတွေရှယ်ခွင့်ပြုပါ..
တစ်ခြားဆိုဒ်မှာ credit လုပ်ပြီးတင်မှာပါ..
ခင်မင်အားပေးလျှက်
lovelink

commentinfo By:ူlovelink at Oct 17, 2011
Comment #11

ဟုတ်ကဲ့ပါ၇ှင့်။ ကျေးဇူးတင်ပါတယ်။ 🙂

commentinfo By: pannei at Oct 17, 2011
Comment #12

အားပေးသွားပါတယ်၇ှင်

commentinfo By: Khaing at Oct 17, 2011
Comment #13

a khu 1 khar htet phat dot daw daw nar le twar p,

commentinfo By: ei lay at Feb 3, 2012
Comment #14

🙂 😛

commentinfo By: pannei at Feb 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment