Professional Authors

အမေ ….. အမေ့  သမီး ခြင်ဆီ ငတ်နေတယ်……… ( sharon )

အ မေ …

အမေ့ သမီး  ရှင်သန်ခြင်း  ခြင်ဆီ ငတ်နေတယ်

အမေ …

အမေ့ သမီး  ရေနည်း ငါးလို ထွန့် ထွန့် လူးနေရတယ်

နှုတ်ခမ်းထက်ငြိတဲ့  ပေါ့ပ်

ရင်ဘတ် အနားစ ရောက် တော့ အက်စစ်

လိုစားတယ်

 

 

အချစ်ချိုချို

အချစ်ခါးခါး ကို သမီးသင်ယူနေမိတယ်

အကွေ့ များစွာ ဖြတ်ခဲ့ ပြီးတာတောင်      ဒီဘာသာမှာ

 အဖျားမကျ သေးဘူး အမေ…

 

 

မေတ္တာ ငတ် တယ်

အချစ် ငတ်တယ်

အလင်း အမှောင် တလှည့်စီ ပွန်းရှ

သွေး သား မှာ ကို က အရှိုးရာ ပွထ

ထိုက် ထိုက် တန်တန် ရရှိလိုက်တာ က

ကြိုးတန်းပေါ် က ညနေခင်းတချို့  တလေပေါ့

ဘယ်ဘက် ရင်အုံ နွေး မှာသာ အသေအပျောက် များ ခဲ့ တယ် အမေ ….

 

 

အခု ဆို ပျောက်ရှ တာတွေ က များများလာတော့

မြစ် တွေ အကြောင်း သိမြင် နေတတ်ပြီ

ခါးလွန်းတယ် အမေ ရယ်

ခံ လို့ ကောင်းရုံ အနာဂတ် ကို ယိုးမယ်ဖွဲ့  လိုက်ရတော့မလားးး

ညတွေ တိုင်းမှာ

ဆူးတွေ စူးလွန်းတယ်

 

အမေ …

သမီးလေ

ဆက်ထုံး ကင်း  ချင် လို့ 

ခဏခဏ ကိုင်ပေါက်ခံရတာတောင်

ဒဏ်ရာ တွေ ကို ရိုးမြေကျ စိုစွတ် ပစ် နေမိတာ  ….

 

အမေ ……..

 

အမေ့  သမီး ခြင်ဆီ  ငတ် … နေ …. ရ ..တယ် ……

 

                                                     ရှာရွန်

                                                       2.4 .2012  10 : 41 pm

In: ကဗျာ Posted By: Date: Apr 2, 2012
Comment #1

အမ….
ကဗျာလေးက ကောင်းတယ်ဗျ
အားပေးသွားပါတယ်

commentinfo By: poem.poem28 at Apr 2, 2012
Comment #2

khan sar arr pay par d shin,.

commentinfo By: ei lay at Apr 2, 2012
Comment #3

ကောင်းတယ်ဗျာ

commentinfo By: ကံ့ကော်မောင် at Apr 3, 2012
Comment #4

ကျေးဇူး ပါ ခင်ဗျာ 🙂

commentinfo By: sharon myorr myor at Apr 3, 2012
Comment #5

nang le grai chye ka ai i .. sharon. grau grau na hkam sha mat sai salum ana ni ma grau lu ma sai huuuuu

commentinfo By: တာဇံ at May 26, 2012
Comment #6

ခုလို အားပေးတာ အထူးကျေးဇူး ပါ တာဇံ
ကျန်းမာရေး ဂရုစိုက်ပါဗျာ
ကျန်းမာမှ ဘ၀ကပိုပြီးနေလို့ ပျော်မှာပေါ့ မဟုတ်လားး
ကဗျာကိုဝေဖန်အားပေးလို့ ကျေးဇူးဗျ

commentinfo By: sharon myorr myor at Aug 3, 2012
Comment #7

ကောင်းလိုက်တာဗျာ…..ခေါင်းစဉ်ကစားလို့ ကြိုက်မိသွားပါတယ်

လေးစားသွားတဲ့

နိုးဆက် နေ့

commentinfo By: 13th at Nov 30, 2012
Comment #8

ခေါင်းစဉ်ကစလို့ ကြိုက်မိသွားပါတယ် လို့ပြောပါသည်..။ မှားသွား၏.။

commentinfo By: 13th at Nov 30, 2012
Comment #9

13 th ဆိုတဲ့ နာမည်က ကျွန်တော့်ကဗျာတွေမှာအခုမှစမြင်ဖူးတဲ့  နာမည်သစ်တစ်ခုပါ
ကျေးဇူးအထူးတင်တယ်ဗျာ
နောက်နောင်လည်းဝေဖန်အကြံပြုပေးပါ ဦးဗျ

commentinfo By: sharon myorr myor at Dec 4, 2012
Comment #10

ဟုတ်ကဲ့ခင်ဗျ… အသစ်ပါ.။ နောက်နောင်လည်း မန့်မှာပါ ခင်ဗျ.. 🙂

ခင်မင်လျက်

နိုးဆက် နေ့

commentinfo By: 13th at Dec 4, 2012
Comment #11

ကျေးဇူးဗျာ

commentinfo By: sharon myorr myor at Dec 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment