Professional Authors

~~~ ဖိနပ်စိမ်းလေးသို့  (၁ ) ~~~ ( sharon )

အိပ်စက်ခြင်းကိုဖျက်ဆီး၍ ထိုအချိန် လုံးလုံးလျားလျားလိုက်လျောလိုမှု

ပြီး…. သီချင်းသီရန် ဆာငတ်သံတွေ ကျယ်လာပြီ                                                                                        

ကျန်တယ်ဆိုရုံ အလွမ်းကြွင်းတယ် အချစ်ရယ်
ဒါတောင် ……… ကိုယ် က ကံကောင်းလွန်းတဲ့ အချစ် ကိုလက်ဝယ်ရရှိထားတာ

အောက်မေ့တယ် အောက်မေ့လွန်းတယ် အချစ်ရယ်
လွမ်းတယ် လွမ်းရလွန်းတယ် အချစ်ရယ်

 

မြက်ရိုင်းပန်းတွေက မြေဆီလွှာကြီးကိုငတ်သလို

ကိုယ်ဟာမင်းရဲ့ အချစ်တွေ ကို ငတ်တယ်

နွမ်းနယ်မှု က အိပ်စက်ခြင်းကိုတမ်းမွတ်သလို

ကိုယ်ဟာ မင်းဆီက နှစ်သိမ့် မှု ကိုတမ်းမွတ်တယ်

ပင်လယ်ပြင်ဟာ မြစ်တို့ ၏စီးဆင်းမှုကိုမျှော်လင့်ရသလို

ကိုယ်ဟာမင်းရဲ့ ရဲရင့်ခြင်းတွေမျှော်လင့်မိတယ်

ပန်းပွင့်တွေဝတ်မှုန်ကူးဖို့ ပိတုန်းလိပ်ပြာငံ့လင့်သလို

ကိုယ်ဟာမင်းရဲ့ ချွေးသိပ်မှု ကိုငံ့လင့်မိတယ်

သစ်ခက်သစ်ရွက်တွေက ရေသောက်မြစ်ကို မှီခိုလိုသလို

ကိုယ်ဟာမင်း ရဲ့ ဖြစ်တည်မှုပေါ်မှီတည်ချင်မိတယ်

ပန်းပွင့်တွေနေရောင်ငတ်သလို

ကိုယ်ကမင်းရှင်သန်မှုကိုဖက်တွယ်လိုစိတ်ငတ်လာတယ်

လူမမည်ကလေးလေးတွေ မိခင်၏ စောင့်ရှောက်မှုလိုသလို

ကိုယ်ဟာမင်းရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလိုအပ်လာတယ်

တွယ်နှောင်လိုမှု
တိမ်းညွတ်လိုမှု
ချိနဲ့ အားအင်တွေကိုမြမြသွေးလို့ 

မြှားတစ်ချောင်းလို သံသယနွံ
သူပစ်လွှတ်ရာအရပ်
ကိုယ့်မျှော်လင့်ရာရပ်ဝန်း
အချစ်ရေ
ဆန္ဒတွေကိုထုပ်ပိုးခွင့်ပေးပါ
တမ်းတမ်းတတ… တမ်း….

ကိုယ့်စီးဆင်းမှုတွေတိုင်းက သူ့ငြီးငွေ့ ခြင်းဖြစ်စေခဲ မိ သလား
နောင်တတွေမဆုံးတော့ဘူး အေးစက်လွန်းသူနှင်းစက်ဖြူ

ကိုယ်မငိုချင်ဘူးအချစ်ရယ်
ကိုယ်မငိုရက်တာပါ အချစ်ရယ်

ကိုယ့်ဘ၀တစ်ခုလုံးကို မင်းရင်ဘတ်တစ်နေရာမှာကျောက်ချထားတာပါအချစ်ရယ်

ခေတ္တခဏဝေးတဲ့ ညတွေ ရှည်တာလွန်းတယ်
အရိပ်ကွာတဲ့ နေ့ တွေ ပူလောင်လွန်းတယ်
အချစ်ရေ
သိပ်ချစ်ရပါတယ်
တကယ်လို့ 
မင်းသာဆန္ဒရှိရင်
ကံကြမ္မာရဲ့ အဆိုးအကောင်းကိုကိုယ်တိုရွေ့း ကြ ပြီး
ကံကြမ္မာရဲ့  အသီးအပွင့်ကောင်းခြင်းဆိုးခြင်းတွေခူးဆွတ်ကြမလား

ကိုယ်ကတော့ဆုံးဖြတ်ထားပါတယ်
ရနံ့ ထုံ တဲ့ ပန်းခင်းလမ်း တော့ မဟုတ်ဘူးပေါ့အချစ်ရယ်
အချစ်တွေနဲ့ တည်ဆောက်မယ့်အိမ်မှာ အခက်အခဲတွေကြုံလာရင် ကြံကြံခံ
အချစ်စိတ်တွေနဲ့ မွမ်းတဲ့ အိမ်မှာ မင်းနဲ့  အတူတူနေသွားချင်ပါတယ်
ဒါ …. ကိုယ့်ဆန္ဒပါအချစ်ရယ်

………. sharon ………..

In: ကဗျာ Posted By: Date: Jul 29, 2012
Comment #1

20 mis kyar aung,,be hna khar hman ma ti aung,,hna lone tar phyit khan sarr mi twar daw poem lay par,
thz so much,,myor
😛

commentinfo By: ei lay at Jul 29, 2012
Comment #2

ကျေးဇူး အိ 🙂
ဖိနပ်စိမ်းလေးသိစေပေါ့ 😀

commentinfo By: sharon myorr myor at Jul 30, 2012
Comment #3

😛
😛
😛

commentinfo By: ei lay at Jul 30, 2012
Comment #4

ကိုယ့်ဘ၀တစ်ခုလုံးကို မင်းရင်ဘတ်တစ်နေရာမှာကျောက်ချထားတာပါအချစ်ရယ်

ထိတယ် ဂယ်….

~ Kk ~

commentinfo By: Kk at Jul 31, 2012
Comment #5

Ta di ya mu thw thuk po laik de. Imsu

commentinfo By: myu tsaw at Sep 6, 2012
Comment #6

ကဗျာ မရေးတာ ကြာ
ပြီနော် ဆရာမ sharon ရဲ့ကဗျာကိုရူးရူးမှုးမှုးခံစား ပြီးဖတ်နေတဲ့
သူတစ်ယောက်ပါ။ကဗျာဆက်ရေးစေချင် လိုက်တာဗျာ။နေမကောင်း
လို့လား? ဟူး

commentinfo By: zombie at Sep 30, 2012
Comment #7

Be hna khar phat phat heart hti de.
Lone wa ma yoe twar bu.
A mye tan phat like tine yin khone de.

commentinfo By: ei lay at Sep 30, 2012
Comment #8

ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ အကို တစ်ယောက်ကို အားကျလိုက်တာဗျာ 😀

commentinfo By: လူငယ် at Oct 13, 2012
Comment #9

sharon မင်းဘယ်မှာလဲ ကဗျာတွေအများကြီး
ရေးမယ်လို့မင်းပြောဘူးတယ်လေ
ဘာကြောင့်ပုန်းနေ ရတာလဲ
ဘာတွေဘယ်လိုဖြစ်နေပြီလဲ
လောကကြီးရယ်
တစ်စုံတစ်ယောက်ရယ်
ပြောပြပေးပါလား
သူဘာ့ကြောင့်ကဗျာတွေကို မရေးတော့တာလဲ။
စောင့်မျော်နေဆဲပါ sharon ရယ်။

commentinfo By: zombie at Oct 26, 2012
Comment #10

super super like

commentinfo By: ei lay at Oct 30, 2012
Comment #11

ကျွန်တော့ကဗျာကို အခုလိုအထူးတလည်ဖတ်ရှုအားပေး ကြတဲ့ မောင်နှမတွေ ကို
ကျေးဇူးအထူး အထူးပါဗျာ ကဗျာတွေတော့ရေးနေဆဲပေမယ့် အချိန်မရတာရယ်ကြောင့်မတင်ဖြစ်တာပါ
အချိန်ရရင် ရသလို ကဗျာလာတင်ပါ့မယ်ဗျ
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ …. ။
လေးစားလျှက်
___ sharon ___

commentinfo By: sharon myorr myor at Dec 4, 2012
Comment #12

ဟီးဟီး….
ကဗျာတွေဖတ်ရတော့မယ်

commentinfo By: တောသား at Dec 5, 2012
Comment #13

ဒေါ်ရှရွန့် ကဗျာလေး ဖတ်သွားပါကြောင်း
မြက်ရိုင်းပန်းတွေက မြေဆီလွှာကြီးကိုငတ်သလို
ကိုယ်ဟာမင်းရဲ့ အချစ်တွေ ကို ငတ်တယ်
ငတ်မွတ်မှုက အတော်ကြီးတာဘဲဗျာ အရေးအသားလေးမိုက်ပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Jun 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment